6

1.4K 120 0
                                    

ညက တော်တော်နှင့် မအိပ်မိဘဲ hyungကိုသာ ငေးကြည့်နေမိသည့် မျက်ဝန်းတို့က မနက်alarmသံကြားသည့်တိုင် ဖွင့်မရချင်။ မျက်လုံးဖွင့်မရသော်လည်း အနားရှိ ဖုန်းကိုစမ်းကာ အမြန်ပိတ်ရသေးသည်။ hyungနိုးသွားမှဖြင့်။

hyungကခုချိန် ထလေ့ရှိသည်မဟုတ်။ ကြိုးစားကာ ဖွင့်ကြည့်မိသည့် မျက်ဝန်းတို့က မြင်လိုက်ရသောမြင်ကွင်းကြောင့် အိပ်ချင်စိတ်များက မြူမှုန်လောက်ပင် မကျန်တော့။ သူရှိရာဘက်သို့ စောင်းကာ တစ်ကိုယ်လုံး စောင်ပုံထဲတွင် မြုပ်နေပြီး မျက်နှာလေးတင် ဖော်ထားကာ အိပ်နေသည့်hyung က လုံးလုံးလေးနှင့် တကယ့်ကလေးလေးလိုပင်။

ဘာတွေများအိပ်မက်တောင် မက်နေသေးသည်မသိ၊ နှုတ်ခမ်းဖူးဖူးလေးများက ဟစိဟစိနှင့်။
'အသည်းယားလိုက်တာ hyungရာ'။
မနက်တိုင်းဒီလိုသာ နိုးထခွင့်ရခဲ့ရင် ဘယ်လောက်များကောင်းလိုက်မလဲ။ ကျောင်းမသွားဘဲ hyungကိုသာ ဒီတိုင်းကြည့်နေချင်မိတော့သည်။

ကျောင်းသွားဖို့ ပြင်ဆင်ပြီးသည်အထိ hyungကနိုးမလာသေး။ အရင်က ဖုန်းနှင့်သာ ဆက်နိုးရသော မနက်ခင်းများက ခုတော့ အရှေ့က အိပ်မက်ကမ္ဘာထဲမှာပဲ ရှိနေသေးသော hyungသေးသေးလေးကို လူကိုယ်တိုင်နိုးရတော့မည်။ hyungကတော့ ကြားရင်စိတ်တိုမလားမသိပေမဲ့ hyungမာမီတို့ ဟိုမှာ နည်းနည်းလေးပိုကြာကြာနေဖြစ်ရင် ကောင်းမှာပဲ။

          " hyung jimin hyung "
အင်း အဲလုပ်ကာ ဟိုဘက်လှည့်အိပ်သွားသည့် hyung။

          "ထတော့လေ hyungရဲ့ ကျောင်းသွားရမှာ နောက်ကျနေမယ်...... hyung"

လှုပ်နှိုးကာမှ အင်း အဲလုပ်ကာ ထထိုင်လာသည့် hyung၊
ထိုင်ရာက မထသေးဘဲ မပွင့်သေးသည့် မျက်လုံးနှစ်လုံးကို သူ့လက်သေးသေးလေးတွေနှင့် ပွတ်နေသေးသည်။
'နာကုန်တော့မှာပဲကွာ'

လက်သေးသေးလေးနှစ်ဖက်အား ဆုပ်ကိုင်လိုက်ရင်း
         " hyung အရမ်းမပွတ်နဲ့လေ မျက်လုံးတွေနာကုန်ဦးမယ်"

ထိုအခါမှ ဖွင့်လာသည့် မျက်ဝန်းတို့အား ကြည့်မိသည့်နောက် အချိန်တွေပင် ရပ်တန့်သွားသလို။ နိုးခါစမို့ ပန်းရောင်ဆံပင်နုနုလေးများက ဖွာလန်ကျဲကာ မျက်နှာဖူးဖူးလေးပေါ်တွင် ဟိုတစ်စ ဒီတစ်စ၊ အမြဲ အသည်းယားခဲ့ရသော ပါးဖောင်းဖောင်းလေးနှစ်ဖက်နှင့် နှုတ်ခမ်းထူထူလေးများက ကိုယ့်မျက်နှာနှင့် အနီးဆုံးတွင်။ မှုန်ကုပ်ကုပ်လေးကြည့်နေသည့် မျက်ဝန်းတို့အား ပြန်ကြည့်မိသည့်အချိန် မျက်ခွံမို့မို့လေးအား ဖိကပ်နမ်းရှိုက်ချင်စိတ်တို့က တံခါးခေါက်သံကြားမှပင် အလန့်တကြားရှုန်းထွက်မိသည်။

Love is hyungWhere stories live. Discover now