1

5.9K 235 8
                                    

🎶 I wanted you to be there when I fall 🎶 I wanted you to see me through it all , I wanted you to be the one I loved , I wanted you🎶🎶

ကုတင်ဘေးစားပွဲပေါ်ရှိ phoneကနေထွက်လာသော alarmသံကို လှမ်းပိတ်လိုက်ရင်း တစ်နေ့တာကိုစတင်ရန် အကြောဆန့်လိုက်သည်။ ကုတင်ပေါ်က ဆင်းကာ စားပွဲပေါ်က မျက်မှန်ကို ယူတပ်ရင်း ခေါင်းရင်းပြတင်းပေါက်ကို ဖွင့်လိုက်တော့ လေနုအေးလေးတွေက အခန်းထဲသို့ အပြိုင်အဆိုင် တိုးဝှေ့လာသည်။

ပြတင်းပေါက်ကနေ လှမ်းမြင်နေရသော ဟိုဘက်ခြံက အခန်းငယ်ဟာဆိုရင်ဖြင့် လှုပ်ရှားမှုမတွေ့ ငြိမ်သက်တိတ်ဆိတ်နေဆဲ။
' hyung ကတော့ ထုံးစံအတိုင်း မနိုးသေးဘူးနေမှာ'

ကိုယ့်ဘာသာ တွေးရင်း နှုတ်ခမ်းထက် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။ hyung ဆိုသည်မှာ အတွေးလေးတစ်စနဲ့တင် နှုတ်ခမ်းထက် အပြုံးတွေကို ဖန်ဆင်းနိုင်သူ။hyung ကတော့ သိလိမ့်မည် မဟုတ်ပေမဲ့လည်းပေါ့။
အတွေးစကိုဖြတ်ကာ ကျောင်းသွားဖို့ရန် ပြင်ဆင်ရတော့သည်။

အားလုံးပြင်ဆင်ပြီး အောက်ဆင်းခါနီးမှ ကျွန်တော့ရဲ့ နေ့စဉ်တာဝန်တွေထဲက တစ်ခုဖြစ်သော၊ တာဝန်ရယ်လို့တော့မဟုတ် ကျွန်တော်ကိုယ်တိုင်က လိုလိုချင်ချင် လုပ်ပေးနေမိသော Morning Call. hyungဆိုသည်မှာ အရမ်းအအိပ်မက်သော လူသားလေး၊ ကျောင်းသွားရန်
အိပ်ရာထရမှုသည် hyungအတွက် နေ့စဉ်ရင်ဆိုင်နေရသော စိန်ခေါ်မှုကြီးတစ်ခု။

ဖုန်းဝင်ပြီး အတော်ကြာသည်အထိ ဖြေဆိုမှုမရှိသေး၊ hyung ကမနက်ပိုင်းနှိုးရင် ဖုန်းတစ်callနဲ့ ဘယ်တော့မှ မနိုး၊ ပြီးရင် ringtone ထားထားတဲ့ သီချင်းကနားထောင်ကောင်းလို့ နားထောင်နေတာဆိုပြီး ချစ်စရာဆင်ခြင်တွေက ပေးဦးမှာ။ နောက်တစ်ခေါက် ထပ်ခေါ်ပြီး ခဏကြာကာမှ အိပ်ချင်မူးတူး အသံပိစိလေးက ထွက်ပေါ်လာသည်။

"Hellllllllllo ........"

" Hyung , Morning . ထပြီး ကျောင်းသွားဖို့ပြင်တော့လေ။ ကျွန်တော် မနက်စာစားပြီး လာခဲ့မယ်။ "

" immmmmmmm"

"Hyung ပြန်အိပ်မနေနဲ့ဦးနော် နောက်ကျနေမယ်"

Love is hyungOnde histórias criam vida. Descubra agora