(၃)

3K 460 6
                                    

Unicode

အပိုင်း - ၃ ။ အသိအမှတ်ပြုခြင်းမခံရတဲ့ မိသားစုဝင်

"စဝ်မုဒြာကို မင်းအိမ်ကို ခေါ်ထားတယ်ဆို..."

ကုမ္ပဏီသို့ ဝင်ဝင်ချင်း အပေါက်ဝတွင်စောင့်ပြီး သူ့ကို ဆီးကြိုပြောလာသည့် သူကို လီယိုကြည့်သည်။

"ဒါကဘာဖြစ်တာမို့လို့လဲ..."

"စဝ်မုဒြာကိုခေါ်ထားတဲ့ကိစ္စက... တကယ်ဆိုငါ့ကို ကြိုအသိပေးသင့်တယ်..."

"မင်းက သူ့မိသားစုဝင်ဖြစ်တာကြောင့်လား ငါသိထားတာက စဝ်မုဒြာက တစ်ယောက် တည်းအပြင်မှာ နေတာလားလို့လေ"

လီယိုသည် အရေးမစိုက်သည့်ပုံဖြင့် တစ်ဖက်သူကို ခပ်တည်တည် ပြောသည်။ လီယို၏ မထီတထီဟန်ကြောင့် အပြောခံလိုက်ရသူ ကောင်ကလေး၏ နှုတ်ခမ်းများသည် ကုတ်ကျသွား တော့၏။ လီယိုသည် သူနှင့်စဝ်မုဒြာအကြောင်း ထပ်ပြောလိုသည့် ကောင်ကလေးကို ခပ်အေး အေးသာ ကြည့်လိုက်နေလိုက်သည်။ သူ့ကို စကားလာပြောသော ထိုကောင်လေး၏ အမည်က ဝေဟင်သော်ဖြစ်ပြီး ထိုကောင်လေးသည် သူပြောခဲ့သလို စဝ်မုဒြာ၏ မိသားစုဝင်ဖြစ်၏။ မိသားစုဝင်များ ဖြစ်ကြသည့် စဝ်မုဒြာနှင့် ဝေဟင်သော်သည်ကား မသင့်မြတ်ကြ။ အကြောင်းမှာ ဝေဟင်သော် မိခင်က စဝ်မုဒြာဖခင် စဝ်ခွန်းနောင်၏ ဒုတိယဇနီးဖြစ်ခြင်းကြောင့်ပေ။ စဝ်မုဒြာ သည် သူ့မိခင် နေရာသို့ ဝင်ယူသည့် အမျိုးသမီးကိုရော သူတို့မိသားစုထဲသို့ ထိုအမျိုးသမီး နှင့်အတူ ကပ်ပါလာသည့် ဝေဟင်သော်ကိုပါ ကျေနပ်ပုံမရ။ သူနှင့် ဝေဟင်သော်ကတော့ နိုင်ငံခြားတွင် ကျောင်းတက်တုန်းက ရင်းနှီးခဲ့ကြသည်မို့ အတော်လေး ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု ရှိသည်။ စဝ်မုဒြာ အမြင်ကပ်ရလောက်အောင် ဝေဟင်သော်က ဆိုးသွမ်းသည့် လူတစ်ဦး မဟုတ်ဟု လီယိုထင်သည်။ သူနှင့်စဝ်မုဒြာ၏ အဆင်မပြေတော့သော ဆက်ဆံရေးမှာ သူနှင့် ဝေဟင်သော်၏ ဆက်ဆံရေးကြောင့် ဖြစ်လောက်သည်။ ထို့ကြောင့်သူသည် ခင်မင်သည့် သူငယ်ချင်းကို ထိုကောင်လေးကြောင့် ခပ်တန်းတန်း ဆက်ဆံဖြစ်နေတော့၏။

"ငါ့နေရာမှာတခြားသူဆိုရင် မင်းကို အပေါင်းအသင်း မလုပ်ဘဲ ပစ်သွားလောက်ပြီ..."

Muse [Own Creation]Donde viven las historias. Descúbrelo ahora