(၂၀)

2.1K 368 5
                                    

Unicode

အပိုင်း - ၂၀ : အချိန်ပိုထပ်ဆင်းရပြန်တဲ့ PR Department

အနောက်ကပြေးလိုက်လာမလားဟု ခြေလှမ်းနှေးနှေးဖြင့် သွားနေကြသော်လည်း ချက်ချင်းမလိုက်လာကြသည်မို့ စဝ်မုဒြာနှင့်ဝေဟင်သော် နှစ်ဦးလုံး စိတ်တိုချင်လာတော့သည်။ နှစ်ဦးသားက တစ်ဖက်တည်းထွက်လာကြသည်မို့ သူတို့သည် တစ်ဦးကိုတစ်ဦး ရန်စောင်ကာ ကြည့်ဖြစ်တော့၏။

ဝေဟင်သော်သည် စဝ်မုဒြာနှင့်ရန်ဖြစ်ဖို့ အားမရှိတော့သဖြင့် ကားငှားပြီး အိမ်ပြန်ဖို့ စဉ်းစားလိုက်သည်။ ကားငှားမည်ပြုပြီးမှ ဝေဟင်သော်သည် ငြိမ်သွားရ၏။

အိမ်...။ ဒီအခြေအနေမှာ သူ ဘယ်လိုများ အိမ်ကို ပြန်ရပါ့မလဲ။ မိခင်တစ်မျက်နှာပဲ ကြည့်နေသူမို့ မိခင်ရှိနေသည့် မည်သည့်အရပ်တွင်မဆို လိုက်နေဖို့ စဉ်းစားထားသည်မို့ သူ့တွင် သီးသန့်ခိုနားရာဟူ၍ မရှိပေ။ မိခင်၏ရင်ခွင်ပြီး သူ ခိုနားဖြစ်သည်က မင်းမြတ်နွယ်၏ အိမ်သာ ဖြစ်သည်။ ယခု သူ မင်းမြတ်နွယ် အိမ်လည်း မပြန်ချင်။ ဝေဟင်သော်သည် သက်ပြင်းရှိုက်ပြီး ဟိုတယ်သွားနေရန် စဉ်းစားလိုက်၏။ စဉ်းစားလိုက်ပြီးနောက် သူ ခေါင်းယမ်းသည်။

ပျံ့နှံ့နေတဲ့ ကောလဟလတွေနဲ့ ဘယ်လိုများ ဟိုတယ်ကို သွားရမလဲ။ ကောလဟလ တွေက ပိုပြီးဆိုးသွားလိမ့်မှာပေါ့။

"ငါ့အိမ်လိုက်မလား"

ဝေဟင်သော်၏ အခြေအနေကို သူ့ထက်ပိုပြီး မည်သူမျှမသိနိုင်တာကြောင့် စဝ်မုဒြာသည် ဝေဟင်သော်ကို လှမ်းမေးသည်။ ကြားလိုက်ရသည့် စကားကို မယုံနိုင်စွာဖြင့် ဝေဟင်သော် လှမ်းကြည့်၏။ ဝေဟင်သော်၏ သူ့ကို မယုံကြည်သည့် မျက်လုံးများကြောင့် စဝ်မုဒြာ မျက်နှာ လွှဲသည်။

ဝေဟင်သော် မယုံသည်ကိုလည်း အပြစ်ပြော၍မရ။ တစ်ချိန်လုံးဝေဟင်သော်ကို ထိုးနှက် သည့်သူက သူပဲမဟုတ်လား။ ယခု အကူအညီပေးဖို့အတွက် ပြောခြင်းကလည်း အကောင်းနှင့် မဟုတ်ပါပေ။ ဝေဟင်သော် သွားစရာမရှိ၍ လီယိုက ခေါ်ထားရသည်ကို သူ အဖြစ်မခံချင်။

စဝ်မုဒြာ စိတ်ထဲတွင် သက်ပြင်းရှိုက်၏။ သူက တော်တော်မကောင်းတာပဲ။ အစတုန်းက ဟန်ဆောင်လက်ထပ်ဖို့သက်သက်အတွက် လီယိုကို လိုချင်သည်။ ယခုတော့ သူ့စိတ်က လီယိုကို လိုချင်လာသည်။ ထို့ကြောင့် လီယို၏ Muse ဖြစ်သော ဝေဟင်သော်ကို လီယိုနှင့်ခွဲဖို့ ကြိုးစား နေခြင်းဖြစ်၏။

Muse [Own Creation]Tempat cerita menjadi hidup. Temukan sekarang