(၁၅)

2.2K 376 7
                                    

Unicode

အပိုင်း - ၁၅ ။ စာချုပ်နှစ်ခု

"ငါဘယ်အချိန်ထိ မင်းအခန်းထဲမှာ နေနေရဦးမှာလဲ"

မျက်ခုံးများတွန့်ချိုးပြီး မေးလာသည့် ဝေဟင်သော်ကို မင်းမြတ်နွယ် ကြည့်သည်။ ထို့နောက် စိတ်ရှုပ်စွာဖြင့် သူ့ဆံပင်များကို အပေါ်သို့ သပ်တင်ကာ...

"မပြန်ဘဲ ဒီမှာပဲ နေတော့ရင်ရော"

ဆွံ့အကာ ဝေဟင်သော် စကားပြန်မပြောနိုင်တော့။

"အိမ်မှာက ပျော်စရာမကောင်းဘူးမဟုတ်လား"

မင်းမြတ်နွယ်ခုတင်ရှိရာသို့ လျှောက်လာချိန်တွင် ဝေဟင်သော်သည် စောင်လေးကာပြီး ခုတင်ခေါင်းရင်းသို့ ကပ်သွား၏။ ဝေဟင်သော်၏ အပြုအမူက သူက မတော်တရားပြုကျင့်ထား သဖြင့် ကြောက်နေသူတစ်ဦးလို။ မင်းမြတ်နွယ်သည် ခုတင်အစွန်းတွင်ထိုင်ကာ ခုတင်ခေါင်းရင်း အနီးရှိ စီးကရက်ဘူးကို လှမ်းယူလိုက်သည်။ ထို့နောက် စီးကရက်မီးညှိကာ တစ်ဖွာတည်းနှင့် တစ်လိပ်လုံးကုန်အောင် ရှိုက်လိုက်၏။

ဆေးလိပ်ထိုင်သောက်နေသည့် မင်းမြတ်နွယ်နောက်ကျောကို ကြည့်ပြီး ဝေဟင်သော် ငြိမ်နေခဲ့သည်။ မင်းမြတ်နွယ်ကို သိမ်မွေ့ပြီး အနိုင်ကျင့်၍ရသည့် လူတစ်ဦးအနေဖြင့်သာ မြင်ခဲ့ သည်မို့ မင်းမြတ်နွယ်၏ ယခုပုံစံကို သူ ကျင့်သားမရ။ မင်းမြတ်နွယ်ဆိုလျှင် လူကြီးလူကောင်း ဆန်ပြီး သိမ်မွေ့သည့် အပြုအမူများနှင့် နေတတ်သည့် လူအေးလေးဟုသာ သူ မြင်ဖူးခဲ့သည်။ ယခုမင်းမြတ်နွယ်က လမ်းဘေးကလေကချေ လူမိုက်တစ်ဦးလို။ အန္တရာယ်များပြီး ဆွဲဆောင်မှု ရှိသည့် မင်းမြတ်နွယ်က သူ့ကို ထိတ်လန့်စေသည်။

"ညက ကျွန်တော်တို့နှစ်ယောက်လုံး မူးနေခဲ့တာ"

မင်းမြတ်နွယ်သည် ဆေးလိပ်ကုန်အောင်သောက်လိုက်ပြီးနောက် ဝေဟင်သော်ဘက် လှည့်၏။ မျက်နှာတည်တည်လေးနှင့် သူ့ကိုကြည့်နေသည့် ဝေဟင်သော်ကို ကြည့်ကာ...

"ဆေးလိပ်နံ့ကိုသဘောမကျဘူးလား"

"နံတယ်"

"အာ ဆောရီး..."

ထိုင်နေရာကထပြီး ဆေးလိပ်နံ့များထွက်သွားအောင် ဝရန်တာတံခါးကို မင်းမြတ်နွယ် ဆွဲဖွင့်လိုက်သည်။ လိုက်ကာတို့သည် တံခါးကဝင်လာသည့် လေကြောင့်လွင့်သွား၏။

Muse [Own Creation]Donde viven las historias. Descúbrelo ahora