(၅)

2.6K 455 20
                                        

Unicode

အပိုင်း - ၅ ။ ကောင်းမွန်တဲ့ညစာစားပွဲမှာ ဝိုင်ကောင်းကောင်းလိုသလို ရီဝေဝေ အချိန်မျိုးမှာ ခပ်ချောချောအဖော်တစ်ယောက်ရဲ့ အနမ်းတွေ လိုအပ်တယ်

ငါကစောက်ဆရာကြီးမို့ ငါ့ကိုစောက်ဆရာကြီးလာမလုပ်နဲ့ : အဲ့ဒီတော့ သူတို့က real ပါပေါ့။

ပျံ့နှံ့နေသည့် ပုံတစ်ပုံအောက်တွင် လူတစ်စုရှိနေခဲ့သည်။

ဖရဲသီးစိတ်ချိုချိုလေး : သူတို့ မှန်တော့လည်း ဘာဖြစ်တုန်း။

ငါကစောက်ဆရာကြီးမို့ ငါ့ကိုစောက်ဆရာကြီးလာမလုပ်နဲ့ : Rating တက်အောင် ဂျင်းကျွေးနေတာ အသိသာကြီးကို။

ပူတင်းပေါင်မုန့်လေး : ဪဟယ် ဂျင်းကျွေးတော့လည်း ဘာဖြစ်လဲ ငါတို့ကြည့်ရတာပဲ ကို။ အဲ့တစ်ယောက်က ဘာတွေထနာ။

ငါကစောက်ဆရာကြီးမို့ ငါ့ကိုစောက်ဆရာကြီးလာမလုပ်နဲ့ : ဟဲ့နင်တို့ BL ကောင်တွေက ဘယ်တော့မှ မမြဲဘူး။

ဖရဲသီးစိတ်ချိုချိုလေး : shipper page မှာ အာလာချောင်တဲ့ ဒီမြေရိုးမကို မဘန်းသေး ဘူးလား မင်မင်ရေ ဘာလုပ်နေတာလဲ!

ချိုမြိန်တဲ့လိမ္မော်စိတ်ကလေး : ပုံကလေးက ချစ်စရာကောင်းသားနဲ့ကို။

ဖြောင့်မတ်လွန်းတဲ့ငါ : ပုံကလေးက ချစ်စရာကောင်းသားနဲ့ကို +1

မွှေးကြိုင်လန်းဆန်းပဲရစ်အစွမ်း : လီယိုက အမြဲတမ်း အေးစက်နေတာလေ ဒီလို နူးနူး ညံ့ညံ့ ကြည့်တာက on screen မဟုတ်တဲ့ အချိန်မှာ မြင်ရခဲတယ်။

ချိုမြိန်တဲ့လိမ္မော်စိတ်ကလေး : ဒါကိုငါလေးထောက်ခံ။

လီယိုက သူ့အပေါ်နွေးထွေးတယ်?

မျှဝေမှုပေါင်းများစွာကြောင့် new feed တစ်ခုလုံး ပျံ့နှံ့နေသည့် သူတို့နှစ်ဦးပုံကို စဝ်မုဒြာ သေချာကြည့်၏။ လီယို မျက်လုံးတွေက အနည်းငယ် နူးညံ့နေသည်ဟု သူ ခံစားရသည်က အမှန်။

လီယိုက သူ့ကို အခုလိုမျိုး ကြည့်တတ်တယ်ပေါ့။

လူရှေ့တွင် နူးညံ့သည့် နူးညံ့ခြင်းမျိုးနှင့် ခြားနားသည့် သိမ်မွေ့ခြင်းကို ခံစားရချိန်တွင် သူ့ရင်ထဲတွင် ဘာကြောင့်မှန်းမသိ နွေးထွေးသွားခဲ့သည်။ အစကတည်းက သူက လီယိုကို မုန်းခဲ့ တာမှမဟုတ်တာဘဲ။ ဝေဟင်သော်နဲ့ လီယိုသာ သူငယ်ချင်းတွေမဟုတ်ခဲ့ဘူးဆိုရင် သူနဲ့လီယိုက အတော်လေး တွဲဖက်ညီကြမဲ့ သူများ ဖြစ်နေလောက်ပြီ။

Muse [Own Creation]Donde viven las historias. Descúbrelo ahora