Unicode
အပိုင်း - ၁၈ ။ အထင်အမြင်လွဲမှု (၂)
ဝေဟင်သော်၏ ပျက်ယွင်းနေသော မျက်နှာကို မင်းမြတ်နွယ်ကြည့်သည်။ လိုင်းပေါ်တွင် စဝ်မုဒြာနှင့်လီယို နမ်းနေသည့်ပုံ ပျံ့နှံ့ပြီးနောက် ဝေဟင်သော်နှင့်သူ ညဈေးဝယ်စရာရှိသည် သွားဝယ်ပြီး ပြန်လာကြသည့် ပုံသည် ပျံ့နှံ့နေခဲ့သည်။ သူက အနက်ရောင်ဟူဒီ၊ ဘောင်းဘီတိုနှင့် စနိတ်ကာတစ်ရံစီးထားခဲ့ပြီး ဝေဟင်သော်က အဖြူရောင်ရှပ်၊ ဘောင်းဘီတိုနှင့် စနိတ်ကာ တစ်ရံဖြင့်။ သူ့ဘက်ကို လှည့်ပြီး မော့ကြည့်ကာ စကားလှမ်းပြောနေသည့် ဝေဟင်သော်၏ ဘေးတိုက်ပုံသည် ထင်ရှားစွာထင်နေခဲ့ပြီ။ ခေါင်းစွပ်နှင့်သူ့နောက်ကျောသာ မြင်နေရသည်။
ထိုနေ့က ဝေဟင်သော်သည် သူ စားချင်တာစားရသဖြင့် စိတ်အလိုကျကာ ကျေနပ်နေ သဖြင့် သူ့ကို ပြုံးပြုံးရွှင်ရွှင်နှင့် စကားလှည့်ပြောနေခဲ့ရာ ရိုက်ကူးလိုက်သည့် ပုံထဲတွင် သူတို့ နှစ်ဦးက ဝယ်စရာရှိတာ ဝယ်ပြီး ပြန်လာကြသည့် အတူနေစုံတွဲတစ်တွဲလို။
ဒီရိုက်ထားတဲ့ပုံက ကောင်းသားပဲ ဟု မင်းမြတ်နွယ်တွေးလိုက်ပြီး မူရင်းပုံအကြည်ရှိသူ ကို ရှာပြီး ပုံဝယ်ယူဖို့ သူ စဉ်းစားလိုက်သေးသည်။ လောလောဆယ်တွင် ထိုထက် အရေးကြီး သည်က ငိုတော့မလို မျက်နှာညိုနေသည့် ဝေဟင်သော်ကို နှစ်သိမ့်ပေးဖို့က ပိုအရေး ကြီး၏။
"ဒါကို မင်းရိုက်ခိုင်းထားတာလား"
ဝေဟင်သော်၏ မေးခွန်းက မင်းမြတ်နွယ်ရင်ကို ဆစ်ခနဲ နာကျင်စေသည်။
"အစ်ကိုက ကျွန်တော့်ကို ဘာလို့ မယုံတာလဲ"
"မင်းကငါ့ရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ အလုပ်ဝင်ခဲ့တာမှ မဟုတ်တာ"
သူ့ ဝန်ခံခြင်းက ဝေဟင်သော်နှင့်သူ့အကြားတွင် သံသယတို့ ပိုပြီး ကြီးထွားစေခဲ့မည်ဆို လျှင် မင်းမြတ်နွယ်သည် ဝေဟင်သော်ကို ဘယ်သောအခါမှ အမှန်အတိုင်း ပြောပြဖြစ်ခဲ့လိမ့် မည်မဟုတ်။
"ငါ့ရဲ့ အလုပ်လမ်းကြောင်းကို ဒါနဲ့ပျက်ဆီးအောင် လုပ်ပြီးတော့ မင်းကိုပဲ အားကိုး ရအောင် လုပ်နေတာလား"
YOU ARE READING
Muse [Own Creation]
RomanceI've come to you but you don't know why I come. Dear Muse, you are the only one in my heart.