Unicode
အပိုင်း - ၁၃ ။ မတူညီသော ပြင်းရှသည့် ည
စဝ်မုဒြာ မျက်လုံးများဖွင့်လိုက်သည့် အချိန်တွင် နေ့ဘက်ရောက်နေခဲ့ပြီ။ ဘာကြောင့် အရင်တုန်းက အကြောင်းကို အိပ်မက်အဖြစ် ပြန်မက်ခဲ့ရတာလဲ။ သူ သရုပ်ဆောင် တစ်ယောက် အဖြစ် လုပ်ခဲ့သည့်အကြောင်းကို သတိတရဖြင့် အိပ်မက်ထဲ သူ ထည့်မက်ခဲ့သည်။ သူ လှုပ်လိုက် သည့်အချိန်တွင် သူ့အနောက်က တစ်စုံတစ်ယောက်သည် သူ့ကို ရင်ခွင်ထဲ ဆွဲထည့်လိုက်၏။ သူ့ကို တင်းတင်းဖက်ထားသည့် သူကို စဝ်မုဒြာ လှည့်ကြည့်ဖို့ ကြိုးစားသည်။ ထိုသူ၏ နံနက်ခင်း တွင် တင်းမာနေသည့် ထောက်တိုင်က သူ့အနောက်ပိုင်းသို့ ထောက်နေခဲ့၏။
တကယ်ပါပဲ...။ အဖေ့မွေးနေ့မှာ စိတ်မကြည်စရာတွေ ဖြစ်ခဲ့တာက သူ့ကို ဒီလိုအိပ်မက် မျိုး မက်စေခဲ့တာလား။
သူ့ကိုဖက်ထားသည့် လက်မောင်းများကြားထဲ သူ လူးလွန့်တော့ မျက်လုံးများ မှိတ်ထား သည့် ဥရောပသွေးနှော အမျိုးသားသည် ဆက်အိပ်ချင်ကြောင်း အသံတိုးတိုးဖြင့် တိုးလျှိုး လာသည်။
"လီယို... ငါ ထပြီး မျက်နှာသစ်ဦးမယ်"
"ငါတောင် မထသေးတာ မင်းက ထပြီး ဘာလုပ်မှာလဲ"
မထချင်သေးသဖြင့် လီယိုသည် စဝ်မုဒြာ၏ လည်ဂုတ်ပေါ်တွင် မျက်နှာအပ်လိုက်၏။ သူ့ လည်တိုင်သို့ ခေါင်းအပ်လိုက်သည့် လီယို၏ ဝင်သက်ထွက်သက်ကြောင့် စဝ်မုဒြာ၏ လည်ဂုတ် သည် နွေးနေတော့သည်။ သူ့ကို မလွှတ်ပေးသည့် လီယိုကြောင့် စဝ်မုဒြာ ငြိမ်ငြိမ်လေးသာ လီယိုလက်ထဲတွင် နေနေလိုက်ရ၏။
ထားပါတော့ ကုမ္ပဏီမှာလည်း အရေးကြီးကိစ္စရှိပုံမပေါ်ပါဘူး။ တကယ်လို့ ရှိခဲ့ရင်လည်း မင်းမြတ်နွယ်က ငါ့ကို ဖုန်းဆက်လာမှာပေါ့။
သူ့အတွေးများက ပြီးခဲ့သည့် ညကို ရောက်သွားခဲ့သည်။
ညက သူတို့ကားပေါ်တွင် ပူပြင်းချိုရှသည့် အနမ်းသည် အရှိန်တက်လာခဲ့၏။ သူ့ ခန္ဓာကိုယ်အနှံ့ ပွတ်သပ်သည့် ကြီးမားသည့် လက်များသည် သူ့ရင်ကို တုန်ခါစေသည်။ ထိုလက် များသည် ရင်ဘတ်၏ တန်းတူညီရှိသည့် ခလုတ်ငယ် နှစ်ခုကို အသာဆွဲဆိတ်လာ၏။ ခေါင်းမော့ ကာ သူ ညည်းတွားချိန်တွင် ခုံကို အနည်းငယ် ပြန်မတ်ပြီး လီယိုသည် သူ့အဝတ်များကို ဆွဲလှန် လာသည်။
VOUS LISEZ
Muse [Own Creation]
Roman d'amourI've come to you but you don't know why I come. Dear Muse, you are the only one in my heart.