(၂၄)

2.2K 354 2
                                    

Unicode

အပိုင်း - ၂၄ ။ နားလည်လက်ခံ

"ဟဟ မင်းက မျက်နှာပြောင်ပြောင်နဲ့ငါ့ကို လာတွေ့ရဲသေးတယ်နော်"

နံနက်ခင်းတစ်ခုတွင် ဝေဟင်သော်သည် အပြစ်ရှိသူတစ်ဦး၏ မျက်နှာမျိုးဖြင့် ခေါင်းငုံ့ နေခဲ့၏။ နွမ်းလျနေသည့် မျက်နှာနှင့် ပင်ပန်းနေခြင်းတို့က ညက အတော်လေးအရှိန်ကောင်း ခဲ့သူတစ်ဦးလို။ ဝေဟင်သော်၏ ဘေးတွင် မင်းမြတ်နွယ်ရှိနေခဲ့ပြီး ရန်တွေ့နေသည့် စဝ်မုဒြာ၏ ဘေးတွင်တော့ လီယိုသည် ခပ်ပြုံးပြုံးနှင့် ရှိနေခဲ့သည်။

သူတို့လေးဦးသည် နံနက်စာအတူစားရန် ဆိတ်ငြိမ်သည့် စားသောက်ဆိုင်တစ်ခုတွင် ချိန်းဆိုလိုက်ခဲ့ကြ၏။ စဝ်မုဒြာနှင့်လီယိုက ဆိုင်ကို အရင်ရောက်နေခဲ့ပြီး ဝေဟင်သော်နှင့် မင်းမြတ်နွယ်က နောက်မှရောက်လာခဲ့ကြသည်။ သူ့အိမ်နှင့်နီးသော ဆိုင်တွင် ချိန်းဆိုထားသည့် တိုင် နောက်ကျမှရောက်လာကြသည့် စုံတွဲကို စဝ်မုဒြာ ဘုမတောဘဲ မနေနိုင်ပါပေ။

ညှိုးငယ်သည့်ပန်းကလေးလို ဝေဟင်သော်က နွမ်းနေသော်လည်း မင်းမြတ်နွယ်ကတော့ အစာဝဝလင်လင် စားထားရသည့် သားရဲတစ်ကောင်လို ကျေနပ်နှစ်သိမ့်နေသည့် မျက်နှာမျိုး ဖြင့်။ အတော်ပင်ပန်းနေသည့် ဝေဟင်သော်ကို ကြည့်ပြီး စဝ်မုဒြာတစ်ယောက် ပထမဆုံးအကြိမ် ဝေဟင်သော်ကို မမုန်းမိတော့။ မင်းမြတ်နွယ်၏ အန္တရာယ်ကင်းသလို ရှိသည့် မျက်နှာကို သူ တစ်ချက်ပြန်ကြည့်သည်။

တကယ်ပဲ...။ လူတွေကို ရုပ်ကြည့်ဆုံးဖြတ်လို့ မရဘူးဆိုတာ မှန်နေတာပဲ။

"မနေ့က မင်းဘယ်မှာအိပ်တာလဲ"

"လီယိုအိမ်မှာပေါ့ မင်းတို့က ငါ့အိမ်ကို အပိုင်စီးထားတယ်လေ"

မင်းမြတ်နွယ်နှင့်သူ့ ဆက်ဆံရေးက မင်းသားနှင့်မန်နေဂျာဆက်ဆံရေးထက် မိတ်ဆွေ ပိုဆန်သည်မို့ ချက်ချင်းပင် စဝ်မုဒြာ ရန်တွေ့တော့သည်။ မင်းမြတ်နွယ်က အရှက်မဲ့မဲ့ဖြင့် 'ဪ' ဟု ခွန်းတုံ့ပြန်နိုင်သော်လည်း ဝေဟင်သော်ကတော့ မင်းမြတ်နွယ် ဖျော်ပေးထားသော ကော်ဖီ ခွက်ထဲသို့ ခေါင်းဝင်သွားတော့မတတ် ငုံ့နေတော့၏။

Muse [Own Creation]Where stories live. Discover now