(၆)

2.5K 430 2
                                    

Unicode

အပိုင်း - ၆ ။ သူ့ကာကွယ်မှုအောက်

"ရောက်လာကြပြီလား..."

ရိုက်ကွင်းရှိ ဓာတ်ပုံဆရာ၏ ခရီးဦးကြိုနှုတ်ဆက်စကားကို စဝ်မုဒြာသည် အပြုံးဖြင့် တုံ့ပြန်ခဲ့သော်လည်းလီယိုကတော့ သူ့နဂိုရေခဲရိုက်မျက်နှာဖြင့်သာ။ လီယို၏ ထိုသို့သော ပုံစံက အနုပညာအသိုင်းဝိုင်းထဲကျင့်သားရနေပြီးသားမို့ ဓာတ်ပုံဆရာသည်လည်း ထူးကဲပြီးခံစားမနေ။

"ဒါဆို ကျွန်တော်တို့မိတ်ကပ်ပြင်လိုက်တော့မယ်..."

စဝ်မုဒြာသည် ဓာတ်ပုံဆရာနှင့် အလာပသလာပ စကားအနည်းအကျဉ်း ဆိုပြီးနောက် အပြုံးလှလှလေးဖြင့် ပြောလာခဲ့သည်။ ထို့နောက် အနောက်တွင်တစ်ချိန်လုံး အရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးရပ်နေသည့် လီယိုကိုလှည့်ကြည့်ကာ...

"အစ်ကိုလီယိုအရင်ပြင်လိုက်လေ..."

နှစ်ယောက်တည်းဖြစ်သည့်အပြင် စဝ်မုဒြာနှင့်အတူလာသည်မို့ လီယိုသည် သူ့ကိုယ်ပိုင် မိတ်ကပ်ဆရာကိုခေါ်လာခြင်းမရှိ။ ကြော်ငြာကုမ္ပဏီသည်လည်း လာမည့်မင်းသားနှစ်ယောက် တည်းမို့ သူတို့ကုမ္ပဏီမှ အတော်ဆုံးမိတ်ကပ်သမားတစ်ယောက်သာ ထားထားပေးခဲ့သည်။ ထို့အတွက် စဝ်မုဒြာသည် စီနီယာဖြစ်သူလီယိုကိုအလျင်ဦးစားပေးရလေ၏။ သူတို့အနုပညာ လောကတွင် နေရာတိုင်းနှင့် နားမျက်စိရှိကြသည်မဟုတ်လားလေ။ တစ်ခုခုမှားယွင်းသွားပါက ဖြစ်လာမည့်နောက်ဆက်တွဲများကနည်းလိမ့်မည် မဟုတ်ပေ။

ယဉ်ကျေးစွာပြောလာသည့် စဝ်မုဒြာကိုလီယို စိုက်ကြည့်သည်။ ထိုကောင်လေးက သူ့ကို လူရှေ့တွင်မို့ ယဉ်ကျေးပြနေသည်ကို သူ သိတာပေါ့။ ရိုက်ကွင်းရှိ ဓာတ်ပုံဆရာနှင့် ဝန်ထမ်းများ သည် သူတို့နှစ်ဦး၏ အခြေအနေကိုမသိမသာအကဲခတ်နေခဲ့ကြ၏။ ယခုတစ်အိမ်တည်းတွင် အတူနေကြပြီး တွဲနေသည်ဟု သတင်းများထွက်ပေါ်နေသည့် သူများမို့ သူတို့ ပို၍ အကဲခတ် နေဖြစ်ကြသည်။

အနုပညာရပ်ဝန်းတွင် ယောကျာ်းလေးအချင်းချင်း တွဲသည်ဆိုသည့်ကိစ္စက မထူးဆန်း။ အချို့သည် Bisexual များဖြစ်ပြီး အချို့က ယောကျာ်းလေးချင်း သဘောကျသူဖြစ်သည်။ အဖြောင့်များလည်း ရှိသေးသော်လည်း အများစုကတော့ နှစ်လမ်းသွားသည့် သူများပေ။ သူတို့အနုပညာသမားများက သာမန်လူများထက် အလှအပကို ပိုခံစားတတ်သူများ မဟုတ်ပါ လား။ စဝ်မုဒြာက အတော်လှလှလေးလေ။ သူ့အလှက အရိုင်းဆန်ပြီး ယဉ်ပါးအောင် လုပ်ရမည့် အလှမျိုးဆိုပေမဲ့ပေါ့။

Muse [Own Creation]Tahanan ng mga kuwento. Tumuklas ngayon