(၁၇)

2K 372 6
                                    

Unicode

အပိုင်း - ၁၇ ။ အထင်အမြင်လွဲမှု (၁)

တွေ့သမျှပေးစားမယ် : ဒါကတကယ်အကြမ်းကြီးပဲ။

Fujoshi 69 : ဟိုးဟိုးဟိုး...

စီးရီးနဲ့ဝတ္ထုက ဘယ်တော့မှမတူဘူး : @ဘလိမ်းဖို့ဖွင့်ထားတဲ့အကောင့်တု @ဖူဂျို မိခင်ကြီး @ခေါင်းကိုင်မိခင်ကြီးကငါပဲ @ချိုမြိန်တဲ့လိမ္မော်စိတ်ကလေး

ဖြတ်လျှောက်အကောင့်ပါ : လမ်းကြုံလို့ ဝင်ကြည့်သွားတာပါ ဒါကအခုလွှင့်နေတဲ့ ဇာတ်လမ်းထဲက မင်းသားမို့လားဟင်

ဘဲမရှိပေမဲ့ငါကအချိန်ပြည့်ဆွေးတယ် : ကျောပဲမြင်ရတော့ သူနမ်းနေတာ ဘယ်သူလဲ

ဖူဂျိုမိခင်ကြီး : ငါ့ရဲ့အတွေ့အကြုံအရတော့ ဒါကနမ်းနေတာပဲ

ဘလိမ်းဖို့ဖွင့်ထားတဲ့အကောင့်တု : ကောင်မရယ် နင်က တစ်ချိန်လုံး အထန်ဟာတွေ ဖတ်နေတာကို ဘယ်က အတွေ့အကြုံနဲ့လဲ။

ဖူဂျိုမိခင်ကြီး : ဟဲ့! စာတွေ့ စာတွေ့... ငါဒီလောက်အများကြီး ဖတ်ထားတာကို မသိဘဲ နေမလား

ဘလိမ်းဖို့ဖွင့်ထားတဲ့အကောင့်တု : ....

ချိုမြိန်တဲ့လိမ္မော်စိတ်ကလေး : စဝ်မုဒြာနဲ့များလား ငါကတော့ ယောကျာ်းလေးထင်တာပဲ

စီးရီးနဲ့ဝတ္ထုက ဘယ်တော့မှ မတူဘူး : စာရှည်ကြီးစောင့်နေတယ်။

ချိုမြိန်တဲ့လိမ္မော်စိတ်ကလေး : ဒီနေ့ fic update မလို့ မအားဘူးရော။

ဖြောင့်မှန်လွန်းတဲ့ငါ : fic ပဲ update ပါ! မနေ့တုန်းက တန်းလန်းကြီး!!!!

ဘလိမ်းဖို့ဖွင့်ထားတဲ့ အကောင့်တု : ......

ထိုမှတ်ချက်များက မနေ့ညတုန်းက အကြောင်းရင်းများဖြစ်သည်။ စဝ်မုဒြာသည် သူ့ကို ကြည့်နေသည့် ခက်နွယ်ကို ခပ်အေးအေးသာ ကြည့်နေလိုက်၏။ ခက်နွယ်သည် ထိုပြဿနာကို မည်သို့ဖြေရှင်းရမလဲဆိုသည်ကို ခေါင်းခြောက်နေရသည်။

'နင်တို့တကယ်ပဲ နမ်းခဲ့ကြတာလား' ဟု မေးဖို့အတွက်လည်း သူမ မှာခက်ခဲနေ၏။ တကယ်ကြီး BL ရိုက်ရင်း ကြိုက်သွားတာက ပြောသလောက်လွယ်သည်မဟုတ်။ နှစ်ဦးလုံးက ကိုယ့်တက်လမ်းနှင့်ကိုယ်ဖြစ်ပြီး come out လုပ်ဖို့က နိုင်ငံအနေအထားနှင့် လွယ်ကူမှု ရှိမနေ။ Come out ထက် သူတို့နှစ်ဦးက တကယ်ပဲ နမ်းခဲ့ကြတာလား။ ခက်နွယ်သည် မဖြစ်နိုင်ဟု တွေးလိုက်ခဲ့သည်။ လီယိုက အနောက်နိုင်ငံက လာတာကြောင့် ပွင့်လင်းတယ်ထားဦးတော့။ စဝ်မုဒြာက စော်ဘွားမျိုးနွယ်က ဆင်းသက်လာတာကြောင့် သွေးကြီးကာ လက်ခံနိုင်လိမ့်မည် မထင်။

Muse [Own Creation]Where stories live. Discover now