(၃၀)

2K 341 5
                                    

Unicode

အပိုင်း - ၃၀ ။ ခိုးရာနောက်လိုက်ရန် ကြံစည်

ဝေဟင်သော်က တစ်ဆင့်လာသည့် စဝ်မုဒြာ၏ သတင်းစကားက လီယိုကို တုန်လှုပ် သွားစေတော့သည်။ သူ တွင်းအောင်းနေသည့် ရက်ထဲတွင် စဝ်ခွန်းနောင်သည် စဝ်မုဒြာကို ဘာတွေများ ဖိအားပေးလိုက်သလဲ။

"ဒါဆို ငါသွားတော့မယ်နော်"

ဝေဟင်သော်သည် ပြောရမည့်စကားကို ပြောပြီးနောက် မင်းမြတ်နွယ်နှင့် အတူ ပြန်လာ လိုက်၏။ တစ်နှစ်အနားယူမည်ဟု ပြောထားသည်မို့ သူ့နေ့ရက်တို့က အေးအေးဆေးဆေး ရှိလှ သည်။ အလွန်ငြိမ်းချမ်းသည့် ထိုနေ့ရက်များတွင် ဝေဟင်သော်သည် အပင်စိုက်လာတတ်၏။ အပင်စိုက်ရခြင်းကို သူ သဘောကျပြီး အပင်များနှင့်နေရခြင်းက သူ့စိတ်ကို ငြိမ်းချမ်းစေသည်။ သူနှင့်စဝ်ခွန်းနောင် ပြဿနာတွင် မိခင်ဖြစ်သူက စဝ်ခွန်းနောင်၏ လုပ်ရပ်ကို နားလည်မပေးနိုင် သဖြင့် နှစ်ဦးသား အချိန်တခဏခွဲခွာနေဖို့အတွက် ဆုံးဖြတ်လိုက်၏။

"မေမေ့ကို သွားတွေ့ချင်သေးလား"

အလိုက်တသိမေးလာသည့် မင်းမြတ်နွယ်ကို ဝေဟင်သော် မျက်လုံးထောင့်ကပ် ကြည့် သည်။

"ဘယ်သူက မင်းကို မေမေလို့ ခေါ်ခိုင်းလို့လဲ"

"ဪ... နောက်လည်း ခေါ်ရမှာပဲဟာ"

မင်းမြတ်နွယ်၏ အရှက်မဲ့ခြင်းနှင့်ပတ်သက်ပြီး အသားကျလွန်းနေပြီမို့ ဝေဟင်သော် လျစ်လျူရှုလိုက်၏။

"မသွားပါဘူး... စဝ်မုဒြာနဲ့လီယို ဘယ်လိုဖြစ်မလဲဆိုတာကို ငါသိချင်နေတယ်"

"အစ်ကို အိမ်ပြန်ကြည့်ချင်လား"

"ငါကဘယ်လိုလုပ် သွားလို့ရမလဲ"

"ကျွန်တော် သွားလို့ရတယ်လေ"

ဝေဟင်သော်၏ မယုံကြည်သလို အကြည့်ကြောင့် မင်းမြတ်နွယ်သည် မျက်နှာတည်တည် နှင့်...

"တကယ်ပြောတာ... တကယ်လို့ စေ့စပ်ပွဲဆိုရင် သူတို့က ကျွန်တော့်ဖေဖေကို ဖိတ်မှာပဲ လေ..."

"မင်းအဖေနဲ့ စဝ်ခွန်းနောင်နဲ့ရင်းနှီးတယ်ဆိုရင် မင်းက သူ မသိအောင် ဘယ်လိုများ နေသလဲ"

Muse [Own Creation]Donde viven las historias. Descúbrelo ahora