(၂၉)

2K 335 6
                                    

Unicode

အပိုင်း - ၂၉။ မိမိစိတ်မပျော်လျှင် အခြားသူများပါ မပျော်ရွှင်စေရ

"ကိုလီယို စိုးရိမ်တယ်ဆိုရင်လည်း ဘာလို့ စဝ်မုဒြာကို သွားမတွေ့တာလဲ"

အိမ်ပြန်သွားသည့် စဝ်မုဒြာတစ်ယောက် အိမ်ထဲက ပြန်ထွက်လာသည့် အရိပ်အယောင် ကို မမြင်တော့သောအခါ တစ်စုံတစ်ဦးသည် ထိုင်မရထမရဖြစ်ရရှာတော့သည်။

"အစ်မခက်နွယ်လည်း အခုတလော ခေါင်းကိုက်နေတယ်"

ရုံးခန်းကို အိမ်လိုပဲ ဆက်၍အသုံးပြနေသေးသည့် လီယိုကို မန်နေဂျာကောင်လေးသည် ခပ်အေးအေးပြော၏။ သူ့ပုံစံက ခက်နွယ်စိတ်ဒုက္ခရောက်နေသည်ကို ပျော်နေသည့်ပုံမျိုးပင် ပေါက်နေသေးသည်။

"အစ်ကို ဒီပိုးအိမ်လေးထဲမှာ ပုန်းနေတုန်း ကိုဝေဟင်သော်က အနားယူဖို့အကြောင်း ကြေငြာလိုက်ပြီလေ"

"ဝေဟင်က အနားယူတယ်"

"အင်း... အပြင်ကလူတွေကတော့ အစ်ကိုရော စဝ်မုဒြာပါ အနားယူကြလိမ့်မယ်လို့ ပြောနေကြတယ်"

လီယိုသည် ငြိမ်နေပြီး ဘာတစ်ခုမှ ပြန်မပြောခဲ့။

"ကိုလီယို ဒီလိုပဲနေနေရင် စဝ်မုဒြာကို သူ့အဖေက မိန်းမအတင်းပေးစားရင် ဘယ်လို လုပ်မလဲ"

လီယိုသည် မန်နေဂျာကောင်လေးကို မျက်ထောင့်ကပ်ကြည့်၏။

"ရဲထွဋ်... မင်း... ငါနဲ့အတူ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ"

"အစ်ကိုဒီရောက်ကတည်းကဆိုတော့ ကြာရောပေါ့"

"ငါဘာကို သဘောမကျဘူးဆိုတာကိုတောင် မင်းမသိဘူးလား"

"ကျွန်တော်ကလည်း အစ်ကိုသတ္တိဒီလောက်နည်းမယ်လို့မထင်ဘူးလေ... ယောကျာ်း တစ်ယောက်ကိုတောင် ကြိုက်ရဲတွဲရဲ လက်ထပ်ဖို့ထိ လုပ်ပြီးမှ ဒါလေးကြောင့် အခုလို တွင်း အောင်းနေတယ်ဆိုတာ အဓိပ္ပာယ်ရှိတဲ့ကိစ္စရော ဟုတ်ရဲ့လား"

"မင်း နားမလည်ပါဘူး"

ထိုသည်က သူ့စိတ်ပင် ဖြစ်သည်။ ထိုကိစ္စကို သေချာရှင်းပြလျှင် စဝ်မုဒြာက သူ့ကို အပြစ် တင်လိမ့်မည် မဟုတ်သည်ကို လီယိုလည်း သိပြီးသားဖြစ်၏။ သူ မရှင်းပြသေးတာတောင် စဝ်မုဒြာက သူ့ကို အပြစ်တင်စကားတစ်ခွန်း မပြော။ ထို့အတွက် ဖြစ်ပျက်ခဲ့သည့် အကြောင်းက စဝ်ခွန်းနောင်ကြောင့် ဆိုသည်ကို စဝ်မုဒြာ သိရှိပြီးဖြစ်သည့် အဓိပ္ပာယ်ပင်။ သို့သော် သူ့တွင် စဝ်မုဒြာကို ရင်ဆို်ငနိုင်သည့် သတ္တိမရှိသေး။

Muse [Own Creation]Tempat cerita menjadi hidup. Temukan sekarang