အိပ်ရာမှနိုးလာလျှင် ခေါင်းကိုက်နေသည်က သိပ်မဆိုးတော့ဘဲ အနည်းငယ်သက်သာသွားပြီ။အချိန်ကိုကြည့်လိုက်တော့ နေ့လည်တစ်နာရီထိုးနေပြီမို့ ဆက်အိပ်မနေတော့ဘဲ ထလိုက်တော့သည်။ရေအေးတွေနှင့် အချိန်အတော်ကြာအောင်ချိုးပစ်လိုက်လျှင် လူကလည်းလန်းဆန်းသွားကာ နေရထိုင်ရသည်မှာ သက်တောင့်သက်သာဖြစ်လာပြီ။ပြီးစီးသွား၍ ph ကိုယူကြည့်လိုက်လျှင် ထင်ထားသည့်အတိုင်း သီဟက သုံးခါလောက်ခေါ်ထားသည်ကိုတွေ့ရသောကြောင့် သူမကပြန်ခေါ်လိုက်သည်။
"အေး နင် နိုးပြီလား..."
"အင်း...နိုးပြီ"
သီဟက သူမ၏ မပွင့်တပွင့် ပျော့တိပျော့ဖတ်အသံကိုနားထောင်ရင်း
"အသံကဘာဖြစ်နေတာလဲ ခေါင်းကိုက်နေတာမို့လား...။အဲ့လိုဖြစ်မှာစိုးလို့ တအားမသောက်ကြပါနဲ့ဆိုတာ ပြောရဲ့သားနဲ့ကို သောက်ဖြစ်အောင်သောက်ကြသေးတာ...။ဟိုတစ်ယောက်လဲတူတူပဲ...နောက်ကျမှအိပ်ရာကထတယ်။မိန်းကလေးတွေဖြစ်ပြီးတော့ ဘာမှန်းမသိဘူး မူးရူးနေကြတာပဲ..."
သူမက သီဟ၏ ပွစိပွစိအသံတွေကိုနားထောင်နေရသော်လည်း ခါတိုင်းလို ပြန်ပြီးရန်မလုပ်နိုင်။
"အလုပ်အရမ်းများနေကြလား...။ဒီနေ့တော့ နင်ကြည့်စီစဉ်ပေးထားဦး...ငါနားမှရမှာမို့လို့"
"အလုပ်ကိုစိတ်ပူမနေနဲ့ နင့်အခြေအနေ အရင်ကောင်းအောင်လုပ်။ဒီနေ့တစ်ရက်ကို အေးအေးဆေးဆေးနားလိုက်တော့။တကတည်း ငါမပြောလိုက်ချင်ဘူး တကယ့်ဟာတွေ..."
"မပြောချင်လဲဆက်မပြောနဲ့တော့ဟာ...။ငါ့ကို စားစရာတစ်ခုခုပို့ပေးဖို့သာ kitchen ကို ပြောပေး..."
"အေး ခုပဲပြောမလို့။ဘာစားမှာလဲပြောလေ..."
"မသိတော့ဘူး...။ခေါင်းကိုက်ပြေမယ့်ဟာ တစ်ခုခုသာ ကြည့်လုပ်ပေးလို့ပြောလိုက် "
"ပြီးတာပဲ...အဲ့ဒါဆို ငါ ph ချပြီ။နင်နားတော့..."
"အေး ဒါပဲ..."
Ph ချလိုက်ပြီးသည်နှင့် သူမက ပြတင်းပေါက်နားသွားကာ ဟိုဘက်အခန်းကို လိုက်ကာစဟပြီး ခိုးကြည့်မိသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...