နံနက်အိပ်ရာကနိုးလာလျှင် လူက သူ့ရင်ခွင်ထဲပြန်ရောက်နေသည်မို့ ချက်ချင်းဆတ်ကနဲ့ဖြစ်သွားကာ ရုန်းထွက်ဖို့လုပ်လိုက်သည်။သို့သော် သူ့လက်တွေက တစ်ကိုယ်လုံးကို လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကျပ်စွာသိုင်းဖက်လာကာ နှုတ်ခမ်းတွေက နဖူးပေါ်ကိုထိကပ်လာရင်း
"စောသေးတယ်လေ သဲရယ်...။ထပ်အိပ်ပါဦး..."
သူမက တွန်းထိုးရုန်းကန်လိုက်ရင်းမှ စောစောစီးစီး သူ့ကို ရန်တွေ့ကာပြောမိသည်။
"ဘာကိစ္စထပ်အိပ်ရမှာလဲ ဖယ်...။ရှင်နဲ့ကပ်မအိပ်ချင်ဘူး အလကားလူ..."
"အဟင်း...ညတုန်းက သဲပဲ ကိုယ့်ကိုခွအိပ်လာတာလေ...။ကိုယ်က သဲစကားနားထောင်ပြီးတော့ ငြိမ်ငြိမ်လေးနေနေတာကို သဲက အတင်းခွပြီးဖက်အိပ်ထားတာ...။ကိုယ့်မှာ အသက်ရှုတောင်ကြပ်တယ်..."
သူ့စကားကြောင့် သူမက ဘာမှမဆိုင်ပေမဲ့ သူ့ရင်ဘတ်ကိုထုရိုက်၍
"ရှင် လျှောက်မပြောနဲ့။ဘာမှခွပြီးဖက်မအိပ်ဘူး ဖယ်တော့ ထတော့မယ်..."
"နေပါဦး သဲရယ်...ကိုယ့်မှာ ကိုယ့်မိန်းမကိုယ်တောင် စိတ်ကြိုက်ထိခွင့်မရဘူး...။မနေ့ညက ညတစ်ဝက်လောက် ဖက်မအိပ်ရလို့ နေလို့မရဖြစ်နေရတာ...။ခုတော့ ဝအောင်ဖက်ထားပါရစေဦး..."
ပြောပြီး တစ်ကိုယ်လုံးကို တင်းကျပ်နေအောင်ပွေ့ဖက်ထားကာ မျက်နှာအနှံ့ကိုအသာအယာငုံ့နမ်းနေလျှင် သူမက ဆက်မရုန်းတော့ဘဲ ငြိမ်နေလိုက်ရင်း
"အဲ့ဒါ ဘယ်သူလုပ်တာလဲ ရှင်ပဲလုပ်တာလေ...။ဘာလို့ အဲ့လိုတွေနေခဲ့တာလဲ...။ရည်းစားများတာ လက်ခံပါတယ် မိန်းမတိုင်းနဲ့နေစရာလား..."
"မိန်းမတိုင်းနဲ့မနေပါဘူး သဲရယ်..."
"ဟင် အဲ့ဒါဆို အဲ့မိန်းမက ရှင့်အတွက် အထူးစပါယ်ရှယ်ပေါ့ အရေးပါလို့ပေါ့ အဲ့လိုလား..."
"အော် ဘာကိစ္စအရေးပါရမှာလဲ သဲရယ်...။သူနဲ့က လုပ်ငန်းကိစ္စပတ်သက်ရင်း တွဲဖြစ်ခဲ့ကြတာ...။တွဲတာကြာတာကလဲ အလုပ်ကိစ္စကြောင့်။ချစ်လို့ကြိုက်လို့မဟုတ်ဘူး...။ပြီးတော့ ကိုယ်က ပြတ်ပြီးတဲ့ရည်းစားတွေဆို ဘယ်တော့မှလှည့်ကြည့်တတ်တာမျိုးမဟုတ်ဘူး သူ့ဘာသာ တစ်ယောက်တည်း ဖြစ်ပျက်နေတာ..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...