ဇွဲကပင်တောင်ခြေရှိ စိမ်းလန်းသောအပင်တွေပတ်လည်ကြားက အေးချမ်းလှသည့်နံနက်ခင်းမှာ နိုးထလာရသောသူသည် မျက်လုံးဖွင့်လိုက်စဉ်ကတည်းကပင် စိတ်တွေက ကြည်လင်ချမ်းမြေ့နေမိသည်။
အကြောင်းကတော့ သူ့ရင်ခွင်ကိုမှီတွယ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည့် သူမလေးကြောင့်သာပင်။
အတူရှိခဲ့ကြပြီးဖြစ်သည့် အိမ်ထောင်ဦးအချိန်ကာလအတွင်း၌ သူ့ဘက္မှ ကြာလေ ငြိတွယ်လာရလေဖြစ်အောင် ချစ်မြတ်နိုးရသောသူမသည် ထိုသို့ဖြစ်ရလောက်အောင်လည်း သူ့အား တစ်မျိုးပြီးတစ်မျိုး ရစ်ပတ်ချည်နှောင်ကာ ထိန်းချုပ်ထားနိုင်စွမ်းရှိသည်။တကယ်ဆို မနေ့ညက သူကအရင်ဆွဲဆောင်ပြီး ဖမ်းစားရန်ကြံစည်ထားသော်လည်း အဆုံးသတ်မှာတော့ သူမကသာလျှင် စကားတစ်ခွန်းတည်းနှင့် သူ့ကို အနိုင်ယူစိုးမိုးသွားနိုင်သည်။သူ့အတွက်တော့ သူမသည် မရိုးနိုင်သောအပြုအမူလေးတွေနှင့် ဆန်းသစ်ခုံမင်ဖွယ်ရာအထိအတွေ့တို့ကြားမှာ အရူးအမူးတွယ်ငြိမိစေသည့်၊စွဲလမ်းမှုအပြည့်ဖြင့် သူခိုဝင်မှီတွယ်ရပါသည့် သူ့ရဲ့တစ်ဦးတည်းသော မိန်းကလေးသာပင်။ထိုသို့ဖြင့် သူမဘက်က ချစ်မလာသေးခင်မှာ သူကတော့ ခဏတဖြုတ်ပင် မခွဲနိုင်မခွာနိုင်အောင် ငြိတွယ်နေမိရလေပြီ။
မနေ့ညက ပင်ပန်းထားသည်မို့ သူနမ်းလိုက်လျှင် နိုးသွားမှာစိုးကာ နမ်းချင်သော်လည်း မနမ်းရက်။ထို့ကြောင့် စိတ်ကိုထိန်းချုပ်၍ အိပ်ပျော်နေသည့်မျက်နှာလေးကိုသာ ချစ်ရလွန်းစွာဖြင့် ငေးကြည့်နေမိသည်။
ခြေထောက်တွေဆီမှ ညောင်းညာကိုက်ခဲမှုကြောင့် လူက ဆတ်ခနဲဖြစ်ကာနိုးလာရစဉ် မျက်စိရှေ့၌ သူမကိုငေးစိုက်ကြည့်နေသော သူ့မျက်နှာအား အရင်ဆုံးမြင်တွေ့လိုက်ရသည်။မနေ့ညကတော့ ပြောချင်ရာပြောမိပေမဲ့ အခုကျတော့ သူနှင့်မျက်နှာချင်းဆိုင်ရမှာကို ရှက်ရွံ့နေမိပြန်သည်မို့ သူမမှာ မျက်လုံးချင်းဆုံအောင် တည့်တည့်မကြည့်ရဲသေး။
သူကတော့ လန့်နိုးသလိုဖြစ်သွားသော သူမ၏ပုံစံကြောင့် ခေါင်းလေးကိုအသာအယာပွတ်သပ်ကာ မေးရလေသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...