ဟိုတယ်ဘက်ကနေ အိမ်ဘက်သို့ ဝင့်ဝါက ပြန်လိုက်ပို့ပေးရင်း မင်္ဂလာအခန်းကိုကြည့်ချင်သည်ဟုဆိုကာ သူမတို့အခန်းထဲအထိလိုက်ကြည့်ပြီးမှ ပြန်သွားလေသည်။သူမကတော့ ဝတ်ထားရသော Dinner dress ကိုချွတ်၍ ပေါ့ပေါ့ပါးပါးနေချင်လှပြီဖြစ်သောကြောင့် ဝင့်ဝါကို အိမ်ရှေ့လိုက်ပို့ပေးပြီးလျှင် ရေချိုးခန်းထဲတန်းဝင်ကာ ခေါင်းလျှော်ရေချိုးပစ်လိုက်သည်။ပြန်ထွက်လာပြီး ဆံပင်တွေကိုအခြောက်ခံဖို့ပြင်နေစဉ်မှာပင် ကုတင်ပေါ်မှာ ထင်သာမြင်သာရှိအောင်တင်ထားသော ဘူးတစ်ဘူးအား တွေ့လိုက်ရသည်။အစောတုန်းက ဝင့်ဝါလက်ထဲမှာ တစ်ခုခုကိုင်လာမှန်းသိသော်လည်း ပင်ပန်းနေသောသူမက အရေးတယူမမေးမိခဲ့။အခုမှ အကြောင်းမရှိအကြောင်းရှာပြီး အခန်းထဲထိလိုက်လာသည်ကို သဘောပေါက်သွားမိကာ ဘာမှန်းမသိသောကြောင့် ဘူးကိုဖွင့်ကြည့်လိုက်လျှင် တွေ့လိုက်ရသည်က Couple ညအိပ်ဝတ်စုံပင်။သူမက ဘူးထဲမှာ ဝတ်စုံနှင့်အတူပါလာသည့်စာရွက်ခေါက်လေးအား ယူဖတ်ကြည့်လိုက်သည်။
" Hope you guys love our present, enjoy your first night with that night dress "
Wint War & Thiha
ကြည့်လိုက်သည်နှင့် ဝင့်ဝါအကြံအစည်မှန်းသိသာနေသည်မို့ စိတ်ထဲကနေကျိန်ဆဲလိုက်မိရင်း အထဲမှာပါသောဝတ်စုံကိုဖြန့်ကြည့်လိုက်လျှင် ဆင်စွယ်ရောင်ပိုးသားပျော့ပျော့ဝတ်စုံလေးက သူမလက်ထဲမှာ လှပကြွရွစွာရှိနေသည်။တစ်ကိုင်းကြိုး V shape ပုံလည်ဟိုက်ဖြင့် ဂါဝန်၏အတိုမှာ ပေါင်လည်လောက်သာရှိပြီး လက်စကလောက်ရှိမည့် ကြိုးချည်ဝတ်ရုံအပေါ်ထပ်လေးနှင့် တွဲလျက်လာခြင်းဖြစ်သည်။ယောက်ျားလေးဝတ်ကိုပါယူကြည့်လိုက်လျှင် ရိုးရိုးရှင်းရှင်း Bathrobe ပုံစံ ကြိုးချည်ဝတ်ရသောဝတ်ရုံသည် တစ်ထပ်တည်းပဲဖြစ်သောကြောင့် သူ့အသားကတော့ အနည်းငယ်ပိုထူသည်။သူမက ဝတ်စုံကိုကိုင်ကြည့်ပြီး ဝတ်ရမဝတ်ရ စဉ်းစားရင်းတွေဝေနေစဉ် အခန်းတံခါးဖွင့်ကာ ရုတ်တရက်ဝင်လာသောသူ့ကြောင့် ဆတ်ကနဲ့တုန်သွားရအောင်ပင် လန့်ဖျပ်သွားမိသည်။မလုံမလဲနှင့်ရင်တွေတုန်ပြီး ကြက်သေသေနေသောသူမအား သူကတစ်ချက်ကြည့်ပြီး အနားကိုလျှောက်လာရင်း
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...