ဘာလို့ ဒီလောက်ချောနေတာလဲ.....။
သူ့ထက်အရင် အိပ်ရာမှနိုးလာခဲ့သည့်သူမဟာ နိုးလာသည်နှင့်တစ်ပြိုင်နက် သူ့မျက်နှာကိုအရင်မော့ကြည့်လိုက်ရင်းမှ တွေးနေမိခြင်းဖြစ်သည်။
အရင်ကတည်းက ကြည့်ကောင်းတာကိုသိသော်လည်း အခုတော့ ချစ်သည့်စိတ်နှင့်ကြည့်သောအမြင်ဟာ အရင်ကမြင်ခဲ့သမျှနှင့် မတူတော့ပြီ။
ဆက်တိုက်ခရီးတွေဆက်လာရသည့် သူကတော့ အခုထိမနိုးသေးဘဲ အေးဆေးသက်သာစွာဖြင့် အိပ်ပျော်နေဆဲပင်ဖြစ်သည်။
ဟိုအရင် ကြည့်မရစဉ်အချိန်တွေကတည်းက သူအိပ်နေသည့်အချိန်ဆို စိတ်ထဲမှာ နှစ်လိုဖွယ်ရှိခဲ့ရသည်မို့ အခုချိန်မှာတော့ တစိမ့်စိမ့်ကြည့်ရင်း ကိုယ့်ယောက်ျားကိုယ် ပြန်ကြွေနေရပေသည်။
ငေးကြည့်နေရာမှ မနေနိုင်စွာဖြင့် သူ့ပါးပြင်ကိုဖွဖွလေးသွားထိလိုက်လျှင် နိုးလာပုံရသောသူက ပါးပေါ်မှ သူမလက်ကိုထပ်ကိုင်လိုက်ရင်း နဖူးလေးကိုတစ်ချက်နမ်းကာ
"သဲလေး အစောကြီးနိုးနေတာလား..."
သူမက နိုးလာပြီဖြစ်သောမျက်နှာကိုမော့ကြည့်ကာ သူ့မေးဖျားလေးကိုဖိကပ်နမ်းလိုက်ရင်း
"Morning..."
အံ့ဩသလိုဖြစ်သွားပြီးမှ ကျေနပ်စွာပြုံးသွားလေသောသူသည် သူမကိုခပ်ဖွဖွပြန်နမ်း၍
"ချက်ချင်းကြီး ဒီလိုကြုံတွေ့နေရတော့ အခုထိ အိမ်မက်မက်နေတာများလားလို့တောင် ထင်သွားမိတယ်..."
သူမက နှုတ်ခမ်းလေးတွေကော့တက်သွားသည်အထိပြုံးလိုက်ကာ သူ့နှုတ်ခမ်းကို တစ်ချက်ထပ်နမ်းလိုက်ရင်း
"အခုရော နိုးပြီလား..."
ထိုအခါတွင် သူ့လက်တွေက ချက်ချင်းပဲ တင်းကျပ်စွာပွေ့ဖက်လာကာ
"ကိုယ့်ကို မနက်ကတည်းက ရင်ခုန်ရလွန်းလို့ ရူးအောင်လုပ်နေတော့မှာလား...ဟွန်"
"အဟင်း အဲ့လို တမင်တကာရယ်လို့ မရည်ရွယ်ပါဘူး..."
ပြုံးစစဖြင့်ပြောနေသောမျက်နှာလေးကို သူက နဖူးချင်းထိကပ်လိုက်ရင်း
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...