💝Suprise Gift from Ex💝🙄

2.9K 130 4
                                    

12:17AM

သူသည် သူ့ဘက်ဆီသို့ လက်တွေခြေထောက်တွေနှင့်သိုင်းဖက်ကာ တိုးဝင်လာသောကိုယ်လုံးလေးအား ဝမ်းသာအားရဖြင့် တင်းကျပ်စွာ ထွေးဖက်ထားလိုက်သည်။သူမကတော့ သူ့ရင်ဘတ်ကိုမျက်နှာကပ်၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲပင်။နဖူးလေးကို သူ့နှုတ်ခမ်းတို့ဖြင့် အသာဖိကပ်ထားပြီး သဘောကျကျေနပ်စွာပြုံးနေမိရင်း အိပ်ချင်စိတ်တို့က တစိုးတစိမျှရှိမနေပေ။မနေ့ညကလိုပဲ သူမကိုပွေ့ဖက်ထားကာ ကျေနပ်နေရင်းဖြင့် မိုးလင်းသွားပေဦးမည်။

မအိပ်ခင်က ဘယ်လောက်ပင်စိတ်တွေတိုကာ ဒေါသတွေထွက်ပြီး သူ့ကို ဘယ်လိုပင်မကျေမနပ်ဖြစ်နေပါစေ။အိပ်ပျော်သွားချိန်မှာတော့ သူမက စောင်တွေကိုတွန်းထုတ်ပစ်၍ သူ့ဆီသို့တိုးဝင်ကာ တိုးဝှေ့ဖက်တွယ်စမြဲပင်။သူ့မှာ ထိုအချိန်လေးရောက်သည်အထိ မအိပ်မနေစောင့်၍ သူမလေးအနား ကပ်ခွင့်ရနိုင်ရန်အတွက်ကို ကြိုးစားရလေသည်။အခုလည်းပဲ ကြားလေမသွေးနိုင်အောင် ရင်ခွင်ထဲဆွဲယူထွေးပွေ့ထားပြီး ခေါင်းလေးကိုဖွဖွနမ်းရှိုက်နေရင်းမှ ဒီအခြေအနေကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲဆိုသည်ကိုသာ သေချာစဉ်းစားတွေးတောနေရသည်။ဒီပုံစံအတိုင်းဆို ကြာလျှင် သူလည်းမလွယ်။

*

*

*

နံနက်ရောက်လျှင် သူမကတော့ ထုံးစံအတိုင်း နိုးလာသည်နှင့် သူ့ကိုဇွတ်တွန်းထိုးကာ မျက်နှာတွေစူပုပ်ပြီး ရေချိုးခန်းထဲဝင်သွားသည်။ပြင်ဆင်ပြီး နှစ်ယောက်သား ဟိုတယ်ဘက်ထွက်လာကြသည်အထိ တစ်လျှောက်လုံး သူ့ကိုစကားမပြော။မနက်စာကိုလည်း သူ့ကိုအရေးမလုပ်စတမ်းစားပြီးသွားလျှင် Dining Room ထဲရောက်လာသော မနန်းမိုဆီသွားကာ တိုးတိုးကပ်၍ပြောနေသည်ကိုတွေ့ရလေသည်။ကြည့်ရသလောက် လောလောဆယ် သူ့ကို ပြတ်ပြတ်သားသားပလစ်ထားလိုက်ပြီဖြစ်သည့်သူမက ခေါင်းထဲမှာ အလုပ်ကလွဲလျှင် ကျန်သည့်ကိစ္စထည့်ချင်ပုံမရ။ဘယ်လိုမှချော့လို့မရသေးသည့်အခြေအနေဖြစ်နေသောကြောင့် ဇွတ်မလုပ်ရဲပဲ ငြိမ်နေရုံကလွဲလျှင် သူ့မှာလည်းမတတ်နိုင်။

You are the only Exception!Where stories live. Discover now