"ကိုယ့်ရဲ့အသဲ..."
"အရမ်းချစ်တယ်..."
အိပ်ရာကနေနိုးလာသည်နှင့် အနားကိုကပ်ကာ တိုးဖွဖွပြောနေသော်လည်း သူမကတော့ နိုးမလာသေးပေ။အိပ်ပျော်နေဆဲဖြစ်သည့် သူမ၏မျက်နှာလေးကို အသာပြုံးကြည့်နေမိရင်း မနေ့ညကပြန်မက်ခဲ့သော အိမ်မက်ထဲမှမှတ်ဉာဏ်တစ်ပိုင်းတစ်စအား သူက ပြန်လည်ပုံဖော်ကြည့်မိသည်။
ထိုစဉ်က ဂူအတွင်းထဲကနေ ပြန်ထွက်မလာသေးသည့်မေမေတို့ကို ဂူပေါက်ဝမှာရပ်စောင့်နေသောသူ့အား ကိုကိုဟုခေါ်လာသောအသံလေးနှင့်အတူ သူ့ရဲ့လက်တစ်ဖက်ကို ဝမ်းသာအားရလာတွဲခဲ့သည့် ကလေးမလေး။သူငုံ့ကြည့်လိုက်ချိန်မှာ သူ့ကိုကြည့်လာသည့်မျက်လုံးလေးတွေက သူမ ရှာနေသောသူမဟုတ်၍ စိတ်ပျက်ပြီး အနည်းငယ်လန့်သွားသည့်ပုံစံ။အထက်အောက်အနီရောင်ဝမ်းဆက်ဝတ်ထားသောကလေးမလေးက ကြည့်လိုက်သည်နှင့်ပင် ချစ်စရာကောင်းလှသောပုံစံလေးကြောင့် သူက လက်ကိုပြန်မရုန်းမိဘဲ သေချာဂရုတစိုက်မေးမြန်းခဲ့သည်။လူကွဲနေမှန်းသိပြီးချိန်မှာလည်း မိသားစုတွေကိုလိုက်ရှာပေးနေရင်းမှ သူမ၏အစ်ကိုနှင့်အံ့မခန်းထင်တို့ကိုတွေ့ချိန်တွင် သူကိုယ်တိုင်ပဲ သူတို့လက်ထဲသို့ပြန်အပ်ပေးခဲ့ခြင်းဖြစ်သည်။ထိုစဉ်ကတည်းက စခဲ့ရသောကံကြမ္မာဟာ နောက်တစ်ကြိမ် ထပ်မံဆုံဆည်းခွင့်ပေးပြီး ပေါင်းဖက်စေခဲ့၍ အခုတော့ သူမလေးက သူ့ရဲ့ဇနီးမယားဖြစ်နေလေပြီ။ရေစက်ဟုပြောနိုင်သလို ဖူးစာဟုလည်းခေါ်ဆိုရမည့် တွေ့ဆုံမှုလေးအကြောင်းအား တွေးကြည့်လေလေ ကြည်နူးစိတ်ဖြင့် သူမကို ပိုချစ်ရလေလေဖြစ်ရသောကြောင့် သူက မနေနိုင်စွာပင် သူမ၏နှုတ်ခမ်းလေးတွေကို အားအပြည့်နှင့်နမ်းရှိုက်မိသည်။
အိပ်ရာကမနိုးခင်မှာ အနမ်းခံလိုက်ရ၍ တွန့်ကနဲ့ဖြစ်ကာ နိုးသွားရသော်လည်း သူမကတွန်းမလွှတ်ဘဲ ပိုမိုတိုးကပ်ပြီး သူနှင့်အတူပူးပေါင်းရင်း ပြန်လည်တုံ့ပြန်လိုက်လေသည်။နဂိုကတည်းကပင် အားပါနေသောသူ့အနမ်းတွေက ပို၍ပြင်းထန်လာချိန်မှာ သူမကို အပေါ်ကနေအုပ်မိုးလိုက်လျှင် သူ့ဆီမှ ပူနွေးမာကျောနေပြီဖြစ်သည့်အထိအတွေ့ကို ခံစားလိုက်ရသည်။ထို့နောက် လုံးဝပြန်မလွှတ်တော့ဘဲ ဆက်တိုက်နမ်းရှိုက်နေသောအနမ်းတွေဆီမှာ နှစ်လိုစွာခိုလှုံမိရင်း တဖြည်းဖြည်းနှင့် သိသာလာသောတုံ့ပြန်မှုကြောင့် သူမက သူ့မျက်နှာကိုထိကိုင်ကာ စေ့စေ့ကြည့်လိုက်သောအခါတွင် သူကလည်း ရီဝေစွာပြန်ကြည့်လာသည်မို့ သူ့ပါးနှစ်ဖက်ကိုဖွဖွလေးညှပ်ကိုင်ပြီး အသာအယာပြုံးပြလိုက်ရင်း
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...