Ours💞(Part-1)

1.8K 107 0
                                    

သူနိုးလာသောအချိန်တွင် ခေါင်းထဲမှာ သိပ်မကြည်လင်သေးဘဲ မူးနောက်နောက်ဖြစ်နေသေးသည်။အရှိန်မပြယ်နိုင်သေးသည့် ရီဝေလေးလံနေသောမျက်လုံးတွေကို မျက်ခုံးတွေတွန့်ကာထိန်းပြီး ရအောင်ဖွင့်၍ အသာငုံ့ကြည့်လိုက်လျှင် ရင်ခွင်ထဲမှာ သူမက အိပ်ပျော်နေဆဲပင်ဖြစ်သည်။ထို့ကြောင့် နိုးမသွားအောင် အသာငြိမ်ပြီးနေ၍ မြတ်နိုးရသောမျက်နှာလေးအား တစိမ့်စိမ့်ကြည့်နေမိရင်းပင် သူ့မှာချစ်လို့မဝနိုင်။သူ့အပေါ်မှာ ယုံကြည်မှုအပြည့်နှင့် မယိမ်းယိုင်စတမ်း ခိုင်ကျည်စွာချစ်ပေးနိုင်သော ဒီမိန်းကလေးသည် မနေ့ညက အထင်လွဲနိုင်စရာအခြေအနေမျိုးမှာတောင် သူ့ဘက်မှာပဲအပြည့်အဝရှိနေပေးကာ တစ်စုံတစ်ရာထင်မြင်သောသံသယဆိုတာမျိုး တစ်စက်ကလေးမှရှိမနေခဲ့ပေ။သူ့ကိုလာခေါ်စဉ်က သူမ ပြောခဲ့သောစကားများကို အကုန်ကြားနေရသည်ကြောင့် သူ့မှာ မလှုပ်နိုင်သည့်ကြားကပင် သူမ လွှမ်းခြုံဆွဲတင်ပေးခဲ့သော ချစ်ခြင်းခြုံလွှာလေး၏ လုံခြုံနွေးထွေးမှုအောက်၌ ပိုမိုဖက်တွယ်မြတ်နိုးစိတ်ဖြင့် ကျေနပ်ပီတိဖြစ်ရသေးသည်။

တွေးနေရင်း လက်မောင်းပေါ်မှာအိပ်နေသောကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းကာ ကပ်နေအောင်ထွေးဖက်ထားမိရင်း မျက်နှာလေးအား ချစ်ရလွန်းစွာဖြင့် ညင်သာစွာ တစ်ချက်နမ်းရှိုက်မိသည်။ထိုအခါတွင် အိပ်ရာမှနိုးသွားရသောသူမက နိုးလာသည်နှင့်တစ်ပြိုင်နက် အိပ်ချင်မူးတူးဖြင့်မော့ကြည့်ကာ သူ့ကိုအရင် စိတ်ပူစွာမေးရှာသည်။

"ကို ဘယ်လိုနေသေးလဲ မူးနေသေးလား..."

သူက ပါးလေးကိုဖိကပ်နမ်းလိုက်ရင်းမှ မလွှတ်နိုင်သေးဘဲ ပြန်ဖြေလိုက်သည်။

"နည်းနည်းပဲ မူးနောက်နောက်ဖြစ်တာ...။ဘာမှမဖြစ်တော့ဘူးနော် စိတ်မပူနဲ့တော့.."

သူ့စကားကို သူမက အနည်းငယ်ခေါင်းထောင်ပြီး မျက်ခုံးလေးတွေတွန့်ကာပြန်ကြည့်၍

"မပူလို့ရမလား...လူက ဒီလောက်မူးစိုက်နေတာကို..။အဲ့ဆေးတွေမှာ side effect ရှိနိုင်လားမသိဘူး...။နောက်ထပ်တစ်ခုခုထိခိုက်လို့ကတော့ အဲ့မိန်းမကို ဒီတိုင်းမထားတော့ဘူး အသေသတ်ပစ်မှာ..."

You are the only Exception!Where stories live. Discover now