"ဒီနေ့ ဘယ်သွားချင်လဲဟင်...။ဘယ်တွေလျှောက်လည်ချင်လဲ လိုက်ပို့ပေးမယ်..."
"ဟင့်အင်း ဘယ်မှမလည်ချင်ပါဘူး..."
ပြောနေရင်းနှင့်မှ သူမက သတိရသွားမိကာ
"ကို..ကို တက်ခဲ့တဲ့ကျောင်းကို လိုက်ပြပါ့လားဟင်...။ကြည့်ချင်တယ်..."
သူက ရင်ခွင်ထဲမှသူမ၏နဖူးလေးကို ငုံ့နမ်းကာဖိကပ်ထားလိုက်ရင်း
"ကျောင်းကိုသွားပြီးတော့ ဘာလုပ်ချင်လို့လဲ..."
"အော်..ကို တက်ခဲ့တဲ့ကျောင်းကို မြင်ချင်တယ်လေ...။ပြီးတော့ ကို့ရဲ့ကျောင်းသားဘဝကိုလဲ ပုံဖော်ကြည့်ချင်တယ်...။ပြန်တွေးကြည့်လိုက်ရင် သူ ဘယ်နေရာမှာ ဘယ်လိုစာသင်ခဲ့တယ် ဘယ်လိုနေခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်ယောင်ကြည့်ချင်လို့"
"ကိုယ် ဘယ်နေရာမှာ ဘယ်လိုချိန်းတွေ့ခဲ့တယ်ဆိုတာရော သိချင်တာမဟုတ်ဘူးလား..."
ကြည်ကြည်နူးနူးနှင့် အကောင်းပြောနေတာကို မခံချင်အောင်လာစသောသူ့ကြောင့် သူမက နံနက်စောစောစီးစီးစိတ်တိုသွားရလျှင် ချက်ချင်းပဲ သူ့ကို အော်ပစ်လိုက်သည်။
"ဟာသပဲ ဘာကိစ္စ အဲ့ဒါတွေကိုသိချင်နေရမှာလဲ...။ကို့ဘာသာ ရည်းစားပေါင်းသောင်းခြောက်ထောင်နဲ့ ဘယ်နေရာမှာ ဘာလုပ်လုပ် စိတ်မဝင်စားဘူး...။ပွေခဲ့တာရှုပ်ခဲ့တာကိုများ ဘာလို့အရေးတယူလိုက်ကြည့်နေရမှာလဲ..."
တောက်လျှောက်ရန်ထောင်နေရင်းမှ ခေါင်းထဲမှာ ဆက်တိုက်တွေးမိသွားပြန်လျှင် သူ့ကို စူးကနဲ့မော့ကြည့်မိကာ
"နေပါဦး...ကိုကမှ အခု အဲ့ဒါတွေကိုပြန်သတိရနေတာမို့လား...။မေးနေစရာကိုမလိုဘူး...။သတိရလို့ စိတ်ထဲပေါ်လာလို့ ဒီစကားထွက်လာတာပေါ့။ကျောင်းဆိုတာနဲ့ပဲ ထားခဲ့သမျှရည်းစားတွေနဲ့ သွားခဲ့လာခဲ့တာကို ကိုယ့်မိန်းမရှေ့မှာတောင် တန်းသတိရတယ်ဟုတ်လား လူယုတ်မာ..."
သူမဘာသာတွေးပြီး သူမဘာသာပြောကာ သူမဘာသာပင်စိတ်တို၍ ပြောနေရင်းစိတ်ထိန်းမရတော့လျှင် မျက်နှာနှင့်ကပ်နေသောသူ့ရင်ဘတ်ကို အားနှင့်ကိုက်ပစ်လိုက်တော့သည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...