🔥Don't touch Me🔥

2.7K 119 7
                                    

Your Dream in Kalaw

ဖွင့်ပွဲနေ့မှာတော့ တက်ရောက်လာသည့် များပြားလှသောဧည့်သည်တွေကြားထဲမှာ သူရော သူမပါ အလုပ်များကြရသည်။အဓိကက သူ့ရဲ့ဧည့်သည်များပဲဖြစ်ကာ နိုင်ငံရေးဘက်ကအကြီးအကဲများ လုပ်ငန်းရှင်များ ရှယ်ယာရှင်များ ဟိုတယ်အသိုင်းအဝိုင်း၏အကြီးအကဲများ စသဖြင့် အကုန်ရောက်လာကြလေရာ လာသမျှကို လက်မလည်နိုင်အောင်လိုက်လံနှုတ်ဆက်ရင်းဖြင့် အချိန်ကုန်ကြရသည်။အချိန်တိုင်းမှာ အနားကမခွာဘဲ သူမလက်ကိုဆွဲရင်း မိတ်ဆက်ပေးနေသောသူဟာ ကျောင်းစတက်မည့်ကလေးကို ကျောင်းလိုက်ပို့ပေးသည့်အဖေကြီးကဲ့သို့ အစစအရာရာဂရုစိုက်စွာနှင့် ရိုကျိုးရမည့်နေရာရိုကျိုးကာ မာန်ပါသင့်သည့်နေရာမာန်ပါသည်။သူနှင့်ထပ်တူ သူမကိုပါ အကုန်လုံးက တလေးတစားနှင့် ဆက်ဆံကြသည်ကိုကြည့်၍ မလောက်လေးမလောက်စားသူမမှာ ကြာတော့ အနေတောင်ခက်လာရသည်အထိပင်။

ပွဲစကတည်းက တစ်ချက်မနားရသေးဘဲ ရောက်လာသမျှလူအကုန်လုံးမှာ သူမအနေဖြင့် မဖြစ်မနေရင်းနှီးရမည့်လူများသာဖြစ်နေသည်မို့ ဂရုတစိုက်ဖြင့် သေချာဧည့်ဝတ်ပြုကြရရင်း နှစ်ယောက်သား ဟိုတယ်နှင့်ခရီးသွားလာရေးဘက်က အကြီးအကဲတစ်ယောက်နှင့် စကားပြောပြီး နှုတ်ဆက်ကာထွက်လာချိန်တွင်

"မတွေ့ရတာကြာပြီနော် ရှိုင်း..."

ချွဲချွဲပျစ်ပျစ်နှင့် ချေချေမိုးမိုးရှိလှသောအသံကြောင့် သူ့လက်ကိုဆွဲထားရင်းမှ မော့ကြည့်လိုက်လျှင် ဝိုင်ခွက်ကိုကိုင်ထားရင်း သူမတို့ကိုနှုတ်ဆက်ကာ မထီတရီပြုံးပြနေသည့် ကြက်သွေးရောင်တောက်တောက်ဝတ်စုံနှင့် အသံပိုင်ရှင်မိန်းမကို တွေ့လိုက်ရသည်။အသားတွေကဆွတ်ဆွတ်ဖြူကာ အရပ်က ငါးပေခုနစ်လက်မလောက်ထိမြင့်နိုင်သော ထိုမိန်းမသည် နှစ်လက်မဒေါက်ကိုစီးထားသေးသည်ကြောင့် မိန်းကလေးတန်မဲ့ မိုးထိုးနေသည်။ဝတ်ထားသည့်ဝတ်စုံဒီဇိုင်းမှာ ပေါင်လည်လောက်ရှိသောကိုယ်ကျပ်ဒီဇိုင်းဖြစ်၍ ရင်ပြတ်ကိုမှ လည်ပင်းကိုကြိုးသိုင်းထားသောပုံစံ။ရွှေခေတ်ကတော့ ဒီနေ့ ရှပ်အဖြူအောက်ခံမှာ အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသော သူနှင့်ဆင်တူ အောက်က ပေါင်လည်လောက်ရှိသော အဖြူရောင်ရင်ပြတ်ပိုးသား dress လေးအား အပေါ်ကနေ အနည်းငယ်သာရှည်သည့် ကုတ်အရှည်အနက်ရောင်ထပ်ဝတ်၍ အမြင်မရိုင်းအောင် အထက်တန်းကျကျဝတ်ထားသည်မို့ ရိုးရိုးရှင်းရှင်း စမတ်ကျကျပုံစံမျိုးသာဖြစ်သည်။နှစ်ယောက်ယှဉ်လိုက်လျှင် ဒီပွဲ၏အဓိကတာဝန်ရှိသူလိုလို ထင်မှတ်စေလောက်သည့်ပုံစံမျိုးဖြင့် ထိုမိန်းမသည် အခြေကြီးကြီးမျက်နှာပေါက်မှာ မျက်လုံးမျက်ဖန်ကောင်းလှသော်လည်း မဝိုင်းဘဲရှည်နေသည့် မျက်လုံးပုံစံတွေက မဖော်ရွေသောမျက်နှာပုံစံပေါက်စေသည်။နက်မှောင်နေသောဆံပင်တွေက ခါးလည်လောက်ရှိကာ ဒီအတိုင်းဖြန့်ချထားသောကြောင့် အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နှင့် ဆွဲဆောင်မှုရှိလှပေမဲ့ မြင်နေရသောပုံစံက သိပ်တော့အချိုးမပြေ။သူမက တခဏအတွင်းမှာပဲ ထိုမိန်းမကို သေချာအကဲခတ်ပြီးသွားချိန်တွင် ဘေးနားကသူ့ဆီမှ အသံထွက်လာသည်။

You are the only Exception!Where stories live. Discover now