Warning ဆိုလို့ ဘာညာကွိကွမှတ်ပြီး ရင်ခုန်သွားကြရင် ဆောရီးပါ...😄
ဘာညာကွိကွအတွက်ကို စကားပလ္လင်တွေခံပြီး စာဖတ်သူလေးတွေကို အသိပေးချင်လို့ပါနော်..(စဆရက လုပ်တယ်လို့တော့ မထင်ပါနဲ့<3)
အရင်ဦးဆုံး ဒီ fic လေးကို ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်...😘😘😘
Wattpad ကို သုံးဖြစ်တဲ့အချိန်က အရမ်းနုသေးပေမယ့် သူများရေးထားတာလေးတွေ လိုက်ဖတ်ရင်း အလုပ်မရှိတဲ့အချိန်မို့ ဒီဝါသနာလေးကို အစပျိုးမိတာပါ..
အားပေးကြတဲ့အတွက် စိတ်တွေချမ်းသာရပါတယ်🥰
ဒီ fic ကို အစထဲက mature on ပီးသားပါ.စရေးကထဲက ဇာတ်လမ်းပုံစံကို အသေးစိတ်ကျကျနဲ့ သဘာဝကျကျဖြစ်ချင်တာကြောင့် ဘယ်လိုပုံစံရေးမယ်ဆိုတာ ကိုယ့်ဘာသာ စိတ်ပိုင်းဖြတ်ပီးမှ ရေးတာမို့ on ထားလိုက်တာပါ.အသက်မပြည့်သေးရင် မဖတ်စေချင်ပေမယ့် ဖတ်ရင်လဲ တားလို့မရနိုင်တာကြောင့် ဖတ်ချင်တယ်ဆို ဖတ်ပါ.ဒါပေမဲ့ ရသ က ရသပဲ ပေါ့နော်..-----------------------------------------------
*Edit*
အပေါ်မှာရေးထားတာက သာသာစရေးခဲ့တဲ့အချိန်က Warning ပါ။အဲ့တုန်းက အသက်မပြည့်ရင် မဖတ်စေချင်ပေမဲ့ တားလို့မရတာကြောင့် ဖတ်ချင်လဲဖတ်ပါ ရသ က ရသပဲ လို့ပြောခဲ့ပါတယ်။
ဒါပေမဲ့ ခုတော့ အသက်မပြည့်သေးရင် လုံးဝမဖတ်ပါနဲ့လို့ တားရပါတော့မယ်။တားချင်ပါတယ်။
Wattpad ကို စရောက်တဲ့အချိန်မှာ သေသေချာချာမလေ့လာဘဲနဲ့ အပေါ်ကလို ကိုယ်ရေးချင်တာ ရေးခဲ့မိတာက သာသာရဲ့မပြည့်ဝမှုပါ။ပြောရရင် အသက်မပြည့်သေးတဲ့အရွယ်ဆိုတာကို ၁၆ ၁၇ လောက်ပဲ ထင်ခဲ့မိတာ...။အခုက ၁၁နှစ်အရွယ်တွေတောင်မှ ဒီမှာရှိနေတယ်ဆိုတော့ တော်တော်လေးစဉ်းစားရပါပြီ။ဆိုတော့
တကယ်လို့များ ဆယ်ကျော်သက်အရွယ်ကလေးတွေ ဒီ fic ကိုဖတ်ဖို့ စိတ်ကူးရှိတယ်ဆိုရင် မဖတ်သေးပါနဲ့ဦးလို့ပဲ ပြောပါရစေနော်။
ဇာတ်လမ်းက လင်မယားနှစ်ယောက် ချစ်ကြခင်ကြတဲ့ သူတို့ရဲ့အိမ်ထောင်သည်ဘဝအကြောင်းကို ရေးထားတဲ့ အပျော်ဖတ်ဇာတ်လမ်းသက်သက်ပါပဲ...။မဖြစ်မနေကြီးဖတ်ရလောက်အောင် ထူးခြားဆန်းပြားနေတာမျိုးမရှိပါဘူး။ ML က အသက်၃၀ FL က ၂၅ နှစ်အရွယ် အရွယ်ရောက်ပြီးသား ညားကာစလင်မယားရဲ့ဇာတ်လမ်းဖြစ်လို့ Warning ကလဲ သူတို့အသက်အရွယ်အရ ရေးထားတဲ့အနေအထားအရ 18+ ပါ။
ဘယ်လိုပဲ ကွေ့ဝိုက်ရေးရေး ရမှာကတော့ ဒီရသပဲမို့ အသက်ပြည့်မှဖတ်ရင် ကိုယ်ရမယ့်ရသက ပိုပြီးတော့ ပီပီပြင်ပြင်ရပါလိမ့်မယ်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...