အိပ်ရာမှနိုးလာလျှင် နွေးထွေးနေသောခံစားမှုကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ရင်ခွင်ထဲမှာ တစ်ကိုယ်လုံးရောက်ပြီးအိပ်နေမိသည်ကို တွေ့လိုက်ရသည်။သူ့ရင်ဘတ်ကိုဇွတ်အတင်းကပ်ပြီး မှီအိပ်ထားသလိုဖြစ်နေသောကိုယ့်ပုံစံကြောင့် သူမက စိတ်ပျက်သွားမိရင်း ဖက်ထားသည့်လက်တွေကြားကနေ ရုန်းထွက်လိုက်မိသည်။သို့သော် တစ်ချက်လှုပ်လိုက်သည်နှင့် သိုင်းဖက်ထားသည့်လက်တွေက ပိုမိုတင်းကျပ်သွားကာ သူမခေါင်းကိုဖိကပ်နမ်းရှိုက်လာရင်း
"မထသေးနဲ့ဦးလေ...။ခဏလောက်ဆက်အိပ်ပါဦး..."
အိပ်ရာနိုးကာစ သူ့ရဲ့တိုးဖွဖွစကားသံကို နားထောင်ပြီး မခံစားနိုင်စွာ ယားကျိကျိဖြစ်လာသောစိတ်ကြောင့် သူမက ချက်ချင်းပင် ထဖို့ပြင်လိုက်တော့သည်။
"ထတော့မယ် ရှင်ဖယ်ပေး..."
သူက တင်းနေအောင်ဖက်ထားရာမှ အနည်းငယ်ခွာ၍ သူမမျက်နှာကိုငုံ့ကြည့်လာပြီးလျှင် မျက်နှာပေါ်မှဆံနွယ်လေးတွေကို အသာအယာသပ်တင်ပေးရင်းမှ
"ဗိုက်ဆာလို့လား...။မနက်စာဘာစားချင်လဲ..."
နိုးနိုးချင်း ဘာစားမလဲမေးတာက ကျေနပ်စရာကောင်းပေမဲ့ သူမက လောလောဆယ်မဆာသေးပါ။သို့သော် သူ့ဘေးမှာဆက်အိပ်မနေချင်တော့သည်ကြောင့်
"မသိဘူး လွယ်ကူတာတစ်ခုခုစားမယ်"
သူ့ပုံစံက အစောတုန်းကလို အိပ်ချင်နေသည့်ပုံစံမျိုးမဟုတ်တော့ဘဲ သူမကိုကြည်လင်စွာကြည့်လာကာ ပါးလေးကိုခပ်ဖွဖွလာရောက်ထိကိုင်၍
"လွယ်ကူတာမစားရပါဘူး...ဟိုတယ်မှာပဲသွားစားကြမယ်...။ဘူဖေးဆိုတော့ စားချင်တာရွေးစားလေနော်..."
ထို့နောက် ကုတင်ပေါ်မှထသွားသောသူက ph ယူပြီး ဟိုတယ်ဘက်ကိုဆက်နေပုံရသည်။သူမက ရေချိုးရန်အတွက် လဲရမည့်အဝတ်အစားတွေကိုတစ်ခါတည်းယူကာ ရေချိုးခန်းထဲဝင်ပြီးပြန်ထွက်လာလိုက်လျှင် ကုတင်ပေါ်မှာ ph ကိုကြည့်ရင်း စောင့်နေသောသူက သူမကို 'ခဏပဲနော်' ဟုပြော၍ ရေချိုးခန်းထဲဝင်သွားသည်။ပြီးစီးလျှင် ဟိုတယ်ဘက်သို့ထွက်ခဲ့လိုက်ကြပြီး သူက ကားကိုပါကင်ထိုးပြီးသည်နှင့် သူမဘက်ကိုလှည့်ကြည့်လာကာ
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...