နောက်တစ်နေ့တွင် ထိုဝန်ထမ်းကောင်လေးက ဟိုတယ်သို့ရောက်လာကာ သူမနှင့်ဟိုတယ်ဝန်ထမ်းအားလုံးကို တောင်းပန်လေသည်။ရုံးခန်းထဲလာပြီး နှစ်ယောက်တည်းသီးသန့်တွေ့ချိန်တွင် သူမက
"ကျေးဇူးတင်ပါတယ်...။ဒါက ဟိုတယ်အတွက်လုပ်ပေးလို့ ကျေးဇူးတင်တာမဟုတ်ဘူး...။ဒီလိုမျိုး ကိုယ့်အမှားကိုယ်တာဝန်ယူပြီးတော့ အချိန်မီပြင်ဆင်နိုင်ခဲ့တဲ့အတွက်ပါ..."
"ကျွန်တော်က ကျေးဇူးတင်ရမှာပါ...။ကျေးဇူးတင်တာရော တောင်းပန်တာရော ဘယ်လောက်ပြောပြော မလုံလောက်မှန်းသိပေမဲ့ ကျွန်တော့ဘက်က ထပ်ပြီးတော့ အနူးအညွတ်တောင်းပန်ပါတယ်...။ဆက်ပြီး အလုပ်လုပ်ခွင့်ပေးတဲ့အတွက်လဲ ပိုပြီးတော့ကျေးဇူးတင်ပါတယ်...။ကျွန်တော် တစ်သက်လုံး ဒီကျေးဇူးတွေကိုမမေ့ပါဘူး...။စိတ်ရောကိုယ်ပါနှစ်ပြီးတော့ ဒီဟိုတယ်အတွက် ကြိုးစားသွားပါ့မယ်..."
"အဟင်း...ကြိုးစားလုပ်မယ်ဆိုပေမဲ့ လောလောဆယ်တော့ ဒီရက်ပိုင်း ရုံးတက်လို့မရသေးဘူး...။အဖေခွဲစိတ်တာကိုပဲ သေချာပြုစုလိုက်ပါဦး.."
"ဗျာ..."
"ဟိုဘက်ကပေးတဲ့ပိုက်ဆံတွေက အဖေ့ကိုခွဲစိတ်ပေးချင်လို့ လက်ခံပြီးတော့လုပ်ခဲ့တာမဟုတ်လား...။အခုပြန်ပေးပြီးပြီဆိုတော့ မခွဲစိတ်နိုင်တော့လို့ စိတ်ဆင်းရဲနေရမှာပဲ...။အဲ့အတွက်ကို အမအမျိုးသားရဲ့ လူမှုကူညီရေးဖောင်ဒေးရှင်းမှာ လျှောက်ပေးထားတယ်...။အရေးတကြီးခွဲစိတ်ဖို့ လိုအပ်တယ်လို့ပြောပေးထားတော့ ဒီရက်ပိုင်းအတွင်းပဲ ကူညီပေးမှာပါ...။အဲ့ဒီကရတာနဲ့ ခွဲစိတ်လို့ရပြီ..."
ထိုကောင်လေး၏မျက်လုံးတွေက အံ့ဩဝမ်းသာသွားမှုကြောင့် မယုံနိုင်စွာပြူးကျယ်သွားရရင်း
"တ တကယ်လားဗျ။ကျေးဇူးအများကြီးတင်ပါတယ်...။မရွှေခေတ်ကိုရော မရွှေခေတ်အမျိုးသားကိုရော တကယ်ကျေးဇူးတင်ပါတယ်...။ကျေးဇူးတင်လွန်းလို့ ကျွန်တော် နှစ်ယောက်လုံးကို ထိုင်တောင်ကန်တော့ချင်ပါတယ်ဗျာ..."
"အမလေး...ထိုင်တော့မကန်တော့ပါနဲ့ ဒါက လိုအပ်တယ်ဆိုတာသေချာလို့ ကူညီပေးလို့ရတာ...။အမတို့က ပြောပေးလိုက်တာပဲရှိတယ်...။ကျန်တာက ဖောင်ဒေးရှင်းရဲ့စည်းကမ်းချက်တွေနဲ့ကိုက်လို့ သူတို့ဘက်ကထုတ်ပေးတာပါ..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...