လွမ်းဆွတ်ခြင်း

2.1K 135 2
                                    

Your Dream ကိုပြန်ရောက်လျှင် ကားရပ်လိုက်တာနှင့် သူလာချီမှာစိုးကာ သူမက ကပျာကယာဆင်းဖို့ပြင်လိုက်သော်လည်း ခြေထောက်ကမထောက်နိုင်။သူက အမြန်သွားပြီး ပွေ့ချီဖို့ဟန်ပြင်လိုက်လျှင် သူမလက်တွေကဇွတ်အတင်းတွန်းထုတ်လာကာ အလန့်တကြားပြောလာသည်။

"ကျွန်မဘာသာ လျှောက်နိုင်အောင်လျှောက်မယ် ဘာမှမဖြစ်ဘူး...။ဒီမှာကျွန်မကိုထိဖို့ စိတ်မကူးနဲ့။ဝန်ထမ်းတွေရော သီဟတို့​ရောရှိတယ် ဖယ်..."

"ခြေထောက်ကဒီလောက်နာနေတာ ဘယ်သူ့ကိုဂရုစိုက်​နေရဦးမှာလဲ... "

သူကပြောပြီးသည်နှင့် သူမကိုပွေ့ချီပြီး ကားထဲမှထုတ်လိုက်လျှင် ရုတ်တရက်လေပေါ်မြောက်သွားသည်မို့ သူမကလန့်ကာ ပြုတ်မကျအောင် သူ့လည်ပင်းကို အမြန်သိုင်းဖက်မိသွားသည်။ဒါကို သူက သဘောကျသလိုတစ်ချက်ရယ်လိုက်သောကြောင့် ဒေါသထွက်သွားရသောသူမက သူ့ပုခုံးကိုလက်နှင့်ထုလိုက်ရင်း

"ရှင်ဘယ်လိုဖြစ်နေတာလဲ...။ဝန်ထမ်းတွေရှေ့မှာ ကျွန်မကိုအရှက်ခွဲချင်နေတာလား...။အခုချက်ချင်းလွှတ်နော်..."

"ခြေထောက်နာလို့ပွေ့ချီလာတာကို ဘယ်သူက ဘာပြောမှာလဲ...။ပွေ့မချီဘဲနဲ့ သူတို့စီးအိုကို ဒီအတိုင်းလမ်းလျှောက်လာခိုင်းမှသာ ကိုယ့်ကိုပြောကြမှာ။ငြိမ်ငြိမ်နေ...မင်းရုန်းကန်နေမှ ပိုထူးဆန်းနေလိမ့်မယ်..."

သူ့စကားကြောင့်ရော ရှေ့မှာ သီဟတို့လင်မယားနှင့် ဝန်ထမ်းတွေကိုမြင်လိုက်ရတာကြောင့်ရော သူမက ဘာမှပြန်မပြောနိုင်ဘဲငြိမ်သွားရသည်။

"ဘယ်လိုဖြစ်တာလဲ..."

တွေ့တွေ့ချင်း သီဟကချက်ချင်းမေးကာ ဝင့်ဝါကတော့ သူမအနားသို့ပြေးလာသည်။

"ချော်လဲပြီးတော့ ခြေကျင်းဝတ်လည်သွားတာ...။ဆေးတော့လိမ်းထားပြီးပြီ။ဒါပေမဲ့ ဆေးခန်းတော့ထပ်ပြဦးမှဖြစ်မှာ...။မဟုတ်ရင် မနက်ကျယောင်လာမှာစိုးလို့"

သူ့ရဲ့တည်တည်ကြည်ကြည်ပြောစကားကို ဘာမှမသိသောသီဟကတော့ လေးလေးစားစားခေါင်းညိတ်ပြပြီး သူမကိုကြည့်သည်။

You are the only Exception!Where stories live. Discover now