"မြေအိုးမြီးရှည် စားရအောင်..."
နားကိုဖွဖွလေးတို့ထိနေရင်း တိုးတိုးပြောကာ နှိုးလာသောအသံကြောင့် သူမက နိုးနိုးချင်းပဲ သဘောတကျရယ်မောမိရင်းမှ မျက်နှာနားကပ်နေသောသူ့လည်ပင်းကို လက်နှစ်ဖက်လုံးနှင့် ဆွဲယူသိုင်းဖက်လိုက်သည်။ပြီးလျှင် လည်တိုင်ကြားထဲတိုးဝင်ကာ နှစ်ခြိုက်ရသောကိုယ်သင်းနံ့ကိုရှုရှိုက်ရင်း တစ်ချက်ဖိကပ်နမ်းလိုက်ပြီးမှ သူ့ရဲ့နားအား သူလုပ်သည့်အတိုင်း နှုတ်ခမ်းနှင့်တို့ထိ၍ တိုးတိုးလေးကပ်ပြောလိုက်သည်။
"ဘယ်အချိန်ကတည်းက ထချက်ထားပြန်တာလဲ ပြောပါဦး..."
"စောစောကမှ ထချက်ထားတာ...။ချက်ရတာက သိပ်မကြာပါဘူး..."
သူက ပြောနေရင်း သူမခေါင်းလေးကိုဖွဖွပွတ်သပ်၍
"သဲက အရမ်းအိပ်နေတာပဲ...။မနေ့က ဘယ်လောက်တောင်ဆော့ကစားလာတာလဲ...ဟွန်"
"အဟင်း...ကလေးတွေနဲ့ဆော့ရတာဆိုတော့ သူတို့ကိုအမှီလိုက်ဖို့ အားသုံးရတယ်လေ...။ရေထဲမှာမို့လို့ ပိုဆိုးသွားတာ..."
ကုတင်ပေါ်ထိုင်နေသောသူက သူမကိုဆွဲထူလိုက်ကာ ပေါင်ပေါ်တင်ပြီးထွေးပွေ့ထားရင်းမှ ခြေထောက်ကိုယူကြည့်၍
"နာနေသေးလား..."
"ဟင့်အင်း တစ်စက်ကလေးမှမနာဘူး..."
"မနာလဲ ကွဲသွားတာနည်းနည်းနက်တယ်ဆိုတော့ ရေချိုးပြီးရင် ဆေးထပ်ထည့်မယ်နော်..."
"အွန်း..."
သူမက သူ့မျက်နှာကိုပဲငေးကြည့်ကာ အပြုံးလေးနှင့်ခေါင်းညိတ်ပြလိုက်လျှင် သူက တင်းနေအောင်ပွေ့ဖက်လိုက်ပြီး ပါးလေးကိုဖိကပ်နမ်းရင်း
"ယောက်ျားတောင်ရနေပြီ ခုထိအဆော့မက်တုန်း...။အဲ့လိုတွေသွားရတာ ပျော်တယ်ပေါ့ ဟုတ်လား..."
"အွန်း ပျော်တာပေါ့။ကိုယ့်ဘာသာပျော်လို့ကောင်းနေတုန်း ယောက်ျားက ရုတ်တရက်ရသွားတာကို ဒီလောက်တော့ရှိမှာပေါ့လို့"
"အဟွန်း...ယောက်ျားရလဲ ဆက်ပျော်လို့ရတယ်...။ Camping သွားချင်လား သွားရအောင်လေ...။နောက်တစ်ပတ်လောက်သွားကြမလား..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...