အိပ်ရာမှနိုးလာသည်နှင့် အရင်ဆုံးတွေ့လိုက်ရသည်က သူမအားငေးကြည့်နေသည့် သူ့မျက်နှာကိုပင်ဖြစ်သည်။ထို့ကြောင့် လေးလံနေသောမျက်လုံးတွေကို ဇွတ်အတင်းဖွင့်ကြည့်မိလျှင် သူက ပါးလေးကိုဖွဖွပွတ်သပ်လာရင်း
"ခေါင်းကိုက်နေသေးလား..."
အခုမှပင် သေချာနိုးလာသောသူမက ကိုယ့်ကိုယ့်ကိုယ်သတိကပ်ကြည့်လိုက်လျှင် ခေါင်းမကိုက်သော်လည်း ခေါင်းကနေစပြီး ခြေထောက်အထိကို တစ်ကိုယ်လုံးက လေးလံနေသည်။အထူးသျဖင့် အောက်ပိုင်းတစ်ပိုင်းလုံးမှာ မလှုပ်ချင်အောင်ဖြစ်နေသည်ကြောင့် မျက်ခုံးတွေပါတွန့်မိသွားကာ ခြေလက်တွေကိုဆန့်ထုတ်ရင်းမှ သူ့ကိုသိုင်းဖက်လိုက်ပြီးလျှင်
"တစ်ကိုယ်လုံး လေးလံနေတာပဲ..."
ထိုအခါ သူ့လက်မောင်းကြားထဲကမျက်နှာလေးကို သေချာကြည့်ပြီး သူက နဖူးလေးကိုနမ်းလိုက်ရင်း
"ရေနွေးနွေးနဲ့စိမ်ချိုးပြီးတော့ အစားကောင်းကောင်းစားလိုက်ရင် ပျောက်သွားမှာနော်...။မနက်စာ ဘာစားချင်လဲပြော..ကိုယ်လုပ်ပေးမယ်..."
"ဟင့်အင်း မလုပ်နဲ့..ဟိုတယ်မှာပဲသွားစားကြမယ်..."
"အွန်း...အဲ့ဒါဆို အခုချက်ချင်းမထသေးနဲ့ ခဏလေးလှဲနေဦး..."
ခေါင်းညိတ်ပြပြီး သူ့ရင်ခွင်မှာ ပြန်လည်မှေးစက်နေသော သူမ၏ခန္ဓာကိုယ်လေးအား ညင်သာစွာထွေးပွေ့ထားကာ ကျောပြင်လေးကိုပွတ်သပ်ပေးနေရင်း အချိန်အနည်းငယ်လောက်ကြာမှ နှစ်ယောက်သားထဖြစ်ကြသည်။ထို့နောက် သူမ ပြင်ဆင်နေချိန်အတွင်းမှာ အဝတ်အစားလဲပြီးသွားသောသူ့ကို တစ်ချက်ကြည့်လိုက်မိလျှင် မျက်လုံးတွေပြူးသွားမိရင်းမှ ကပျာကယာပဲ သူ့ရှေ့ကိုသွားကာ သေချာကြည့်လိုက်တော့
ဟာ.......စိတ်ညစ်လိုက်တာ...။
ဘယ်လိုလုပ်ရမလဲ...။မနေ့ညက စိတ်လိုလက်ရတွေဖြစ်သွားခဲ့သော သူမကြောင့် သူ့လည်ပင်းရှိ လည်စိနားမှာ နေရာအတိအကျရှိနေသည့် နီညိုရောင်မာကင်ရာသည် အခုထက်ထိ ထင်ရှားပြတ်သားစွာပင် ရှိနေလေသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...