"ဖေဖေနဲ့မေမေတို့က ကိုကိုတစ်ယောက်တည်းပဲထင်နေခဲ့တာ...။တကယ်တမ်း နိုရာက ပုန်းနေခဲ့တာလေ ဟိဟိ..."
သူမြင်းစောင်းရှိရာဘက်ကိုလျှောက်လာနေစဉ် ခပ်လှမ်းလှမ်းမှာကတည်းက ဒီအသံလေးကိုကြားနေရပြီဖြစ်သည်။
"ဖေဖေက အိမ်မက္မက္တာ နိုရာတို့က ဒီထင်းရှူးတောထဲကလာတဲ့ ထင်းရှူးသီးလေးတွေတဲ့..။အဲ့လိုမက္ပြီးတဲ့အချိန်မှာပဲ ပုန်းနေတဲ့နိုရာကိုတွေ့ပြီးတော့ အမြွှာမှန်းသိသွားကြတာ..."
သူတို့အမြွှာ၏ရာဇဝင်အကြောင်းကို ကိုညီနှင့်တကွ မြင်းထိန်းများက (၁၉၆)ခေါက်ထက္မနည်း နားထောင်ပြီးသွားသော်လည်း မရိုးမအီ၊မညည်းမညူနှင့်ပင် နားထောင်နေကြရှာလေသည်။
နောက်တစ်ပတ်ကို ရက်ရွှေ့သွားသည့်ကလေးတွေကြောင့် Trekking မလိုက်ရဘဲ အားနေသောနိုရာသည် မြင်းပေါ်တက်စီးသည့်အချိန်မှာ အဆင်ပြေအောင်ဆောက်ပေးထားသည့်စင်၏ လှေကားလေးထစ်မြောက်လောက်တွင် အကျအနထိုင်ကာ ဟန်နှင့်ပန်နှင့်ပြောပြနေခြင်းဖြစ်သည်။ကင်းထောက်အဖွဲ့ထဲက ကလေးတွေကို သင်တန်းပေးသည့်အချိန်မှာ ဟောပြောပို့ချနေသကဲ့သို့ ခြေဟန်လက်ဟန်တွေနှင့်ပြောနေလေသော သူ့သမီး၏ဒီဇိုင်းကတော့ ခပ်လွင့်လွင့်ပင်။နိုရာနှင့်မျက်နှာချင်းဆိုင်မှာ ကိုညီက ခုံတစ်လုံးနှင့်ထိုင်ကာနားထောင်နေပြီး မြင်းထိန်းတွေကတော့ လည်ဆံမွှေးဖြီးပေးသည့်သူကဖြီး၊စစ်စရာရှိသည်ကို စစ်သူကစစ်၊ထိုင်သည့်သူကထိုင်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်ကာ ထောက်ခံအားပေးနေကြရသည်။
သူက သဘောတကျပြုံးမိသွားကာ အနားရောက်အောင်မသွားသေးဘဲ ဘာတွေဆက်ပြောဦးမလဲဆိုသည်ကို ရပ်ပြီးနားထောင်နေလိုက်စဉ် ကိုညီ့အသံကိုကြားလိုက်ရသည်။
"ထင်းရှူးသီးဟုတ်လို့လား...။ပဒိုင်းသီးလို့မက္တာပါ...။နိုရာ့မေမေက ပဒိုင်းသီးလေးတွေစားတယ်လို့မက္ပြီးတော့ ဒီလိုမွေးလာတာမဟုတ်ဘူးလား..."
ကိုညီ၏ စနောက်ကာပြောနေသောစကားကို နိုရာက မျက်ခုံးတစ်ချက္မပင့်ဘဲ
"ပဒိုင်းသီးဟုတ်မဟုတ် နိုရာ့ရဲ့အစ်ကို တည်ငြိမ်သူကြီးကိုသာ ကြည့်လိုက်တော့လေ...။အဲ့ဒီ ဒီဇိုင်းက ပဒိုင်းသီးစားပြီး မွေးထားတဲ့ဒီဇိုင်းလားဆိုတာ..."
YOU ARE READING
You are the only Exception!
Любовные романыအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...