"ခြောက်နာရီတောင်ခွဲတော့မယ် ဖယ်လိုက်တော့။ဒီအတိုင်းဆို ဘယ်အချိန်မှအိပ်ရမှာလဲ..."
"အဟွန်း..တစ်နေကုန်အိပ်လို့ရတယ်လေ သဲရဲ့။လာ ကိုယ် ရေချိုးပေးမယ်...။ပြီးရင် တောက်လျှောက်အိပ်တော့ နော်..."
ရေချိုးပြီးသွားလျှင် တစ်ညလုံးမအိပ်ရ၍ ဒေါသတွေထွက်နေသောသူမကို သူက ချော့မော့သိပ်ကာ သူမလေးအိပ်ပျော်သွားချိန်တွင် သူသည်လည်း ချက်ချင်းအိပ်ချင်လာသောကြောင့် အတူတူအိပ်လိုက်လေတော့သည်။
ထို့နောက် သူပြန်နိုးလာချိန်မှာ နေ့လယ်စာစားချိန်ပင်ရောက်နေပြီဖြစ်ပြီး နာရီကိုကြည့်လိုက်တော့ ဆယ့်တစ်နာရီခွဲနေပြီ။
မနေ့ညကသောင်းကျန်းထားသောသူ့ကြောင့် နိုးလာသည်နှင့် သူမက ဂျီကျတော့မည်ကိုကြိုသိနေရလျှင် သူမ ကြိုက်တတ်သည့် နေ့လယ်စာချက်ထားကာ ချော့ဖို့အတွက်ကို သူ့မှာ အရင်စဉ်းစားရသည်။အခုထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသေးသည့် ရင်ခွင်ထဲကမျက်နှာလေးကိုကြည့်လိုက်မိလျှင် ဘုမသိဘမသိဖြင့် သူ့ကိုဆွဲဆောင်ခဲ့သည့်အချိန်ကို ပြန်မြင်ယောင်မိကာ သဘောတကျဖြင့် ရယ်ချင်သွားရလေသည်။တခါတလေမှာ သူမက သူနှင့်ပတ်သက်လျှင် ကမူးရှူးထိုးဆန်ကာ ထင်ချင်ရာထင်ပြီး လုပ်ချင်ရာလုပ်တတ်သည်။သူမ၏အထင်နှင့် သူဖြစ်နေသည်က တခြားစီဖြစ်ကာ အတွေးများပြီး ဆိုက်ကိုတွေဖောက်တတ်သည့်တိုင်အောင် နှစ်ဦးကြားမှာ ပြဿနာဖြစ်မည့်လမ်းကိုဦးတည်မသွားဘဲ အမြဲတမ်း ချစ်စရာကောင်းစွာဖြင့်သာ အဆုံးသတ်လေ့ရှိသည်။ထို့ကြောင့် သူကတော့ သူမ ဒီလိုတွေလုပ်တတ်သည်ကို ကိစ္စမရှိပေ။ပြောရလျှင် ထိုကဲ့သို့ဇွတ်တရွတ်ဖြစ်လေ ကြိုက်လေသာပင်။
သူသည် မနေ့ညကအခိုက်အတန့်တွေကိုပြန်တွေးနေရင်း ကျေနပ်အားရစွာပြုံးမိရင်းမှ မနေနိုင်တော့လျှင် သူ့ရင်ဘတ်ကိုကပ်အိပ်နေသည့် တစ်ခြမ်းပေါ်နေသောပါးလေးတစ်ဖက်အား နစ်ဝင်သွားသည်အထိ ဖိကပ်နမ်းပစ်လိုက်သည်။အူယားသည့်စိတ်နှင့် အားပါသွားသည်ကြောင့် နိုးသွားပုံရသောသူမသည် အိပ်ကောင်းနေသည်ကို နှိုးလိုက်သလိုဖြစ်သွားလျှင် အတင်းလုပ်သောသူ့အား စိတ်တိုသွားပုံရသည်။ချက်ချင်းပဲ သူ့မျက်နှာကိုတွန်းပစ်ကာ ရင်ဘတ်ကိုကပ်ထားရာမှခွာလိုက်ရင်း
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...