အိမ်ပြန်ရောက်သည်နှင့် ညစာစားပြီးချိန်မှာ ဇင်မင်းက ph ဆက်လာသည်ကြောင့် သူ ph ပြောနေသောအချိန်တွင် သူမကတော့ နေ့လည်ကတင်ထားသောပို့စ်မှ comment တွေကိုလိုက်ဖတ်ရင်း ရယ်နေရသည်။အချိန်ပြည့်စတိုင်မလိုင်များနေတတ်သောသူက ရေခဲချောင်းအားကိုက်စားနေသောပုံကို တစ်ခါမှမတွေ့ဖူးသည့် သူ့ရဲ့အပေါင်းအသင်းတွေကတော့ ဝိုင်းဝန်းစနောက်ကာ ပွဲဖြစ်နေလေပြီ။သူသိလျှင်တော့ မျက်မှောင်ကြီးကြုတ်ကာ စိတ်ကောက်ဦးမလားမသိပေမဲ့ သူမကတော့ ထိုပုံလေးကိုကြည့်ပြီး သဘောကျစွာဖြင့် ကြည်နူးရသည်။
တင်ထားသောပုံကို တစ်ယောက်တည်းပြုံးပြီးကြည့်နေမိစဉ် သူက အခန်းထဲပြန်ဝင်လာကာ သူမလက်ထဲမှ ph ကိုတစ်ချက်ကြည့်ရင်း
"ဘာတွေသဘောကျနေတာလဲ..."
သူမက သူ့ကိုမော့ကြည့်ပြီး မျက်နှာချိုသွေးလိုက်ရင်းမှ
"နေ့လယ်ကတင်ထားတဲ့ပုံမှာ ကို့ကို tag တွဲမိလိုက်တော့ ကို့အကောင့်ထဲကလူတွေအကုန်လုံး စနောက်နေကြပြီ...။ဘယ်လိုလုပ်ရမလဲ ကိုမကြိုက်ရင် ပြန်ဖျက်ပေးရမလားဟင်..."
သူက ph ကိုတစ်ချက်ယူကြည့်ကာ မျက်နှာက ကျေနပ်သွားပုံနှင့်ပြုံးသွားရင်း
"ဘာလို့ဖျက်ရမှာလဲ မဖျက်ပါနဲ့။ခုမှ တခုတ်တရတင်ထားတဲ့ပုံကို..."
"မဟုတ်ဘူးလေ...သေချာပြန်စဉ်းစားကြည့်တော့ ကိုက အကုန်လုံးရှေ့မှာ အမြဲတမ်း မင်နဲ့မောင်းနဲ့နေလာခဲ့တာမို့လား...။ဒီလိုတင်လိုက်တော့ ကို့ပုံရိပ်ထိခိုက်မှာစိုးလို့လေ...။တင်တုန်းက အဲ့ဒါကိုမစဉ်းစားမိလိုက်ဘူး ခုမှတွေးမိတယ်..."
သူက သူမလေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း မော့ကြည့်နေသော သနားကမားမျက်နှာလေးအား ကြင်နာစွာပြုံးပြကာ
"ကိုယ့်မိန်းမကတင်တဲ့ပုံပဲ သဲရယ်...ဘာလို့ သူများအမြင်တွေ ထည့်တွက်နေရမှာလဲ...။သူတို့ရှေ့မှာဘယ်လိုနေနေ သဲရှေ့မှာ ဒီလိုနေပါတယ်ဆိုတာလဲ ဖုံးကွယ်စရာမရှိဘူးလေ ဟုတ်တယ်မို့လား...။ကိုယ်က အစကသာ ကိုယ့်ကိုယ်ကိုယ် ဒီလိုပုံစံမျိုးမမြင်ဖူးတော့ တစ်မျိုးဖြစ်နေသေးတာ...။သဲပျော်နေတာမြင်ရတော့လဲ ဘာမှထည့်တွက်မနေမိတော့ဘူး...။ပြီးတော့ Love you Ko လို့ caption ရေးထားတဲ့ပို့စ်ကို ပြန်ဖျက်စရာလား...။မဖျက်နဲ့ ဒီအတိုင်းပဲထားလိုက်..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...