အိပ်ရာထနောက်ကျသောသူ့ကြောင့် နံနက်စာကို အိမ်မှာမစားတော့ဘဲ ဟိုတယ်မှာပဲစားရန်အတွက် အချိန်အနည်းငယ်စော၍ထွက်လာလိုက်ကြသည်။စားသောက်နေကြစဉ်မှာပင် အံ့မခန်းထင်ရောက်လာသောအခါ၌ သူက မနေ့ကအရှိန်နှင့် အေးအေးဆေးဆေးသာရှိနေပြီး နံနက်စာစားပွဲဝိုင်းတွင် အတူရှိနေစဉ်တစ်လျှောက်လုံး အဆင်ပြေပြေဖြင့်ရှိနေသည်။စားပြီးချိန်တွင် အံ့မခန်းထင်ကတော့ ဒီနေ့ တောင်ကြီးမှာရှိသော သူ့သူငယ်ချင်းဆီသွားမည်ဖြစ်ကာ သူတို့နှစ်ယောက်ကတော့ ကိုယ့်အခန်းကိုယ်သွား၍ ကိုယ်စီအလုပ်လုပ်ကြရပေသည်။ထိုသို့ဖြင့် နေ့လည်စာအတူတူစားပြီးသည်အထိ အကောင်းပင်။နေ့လည်ပိုင်းမှာ အံ့မခန်းထင်ပြန်ရောက်လာပြီး trekking အဖွဲ့ကို ဟိုတယ်သို့လာခေါ်သော ကိုညီရောက်လာမှ ပြဿနာကစတော့သည်။
Lobby ကိုဆင်းပြီး ကိုညီနှင့်စကားကောင်းနေစဉ် ပြန်ရောက်လာသောအံ့မခန်းထင်က သူမကိုစကားလာပြောရင်း ကိုညီနှင့်လည်းမိတ်ဆက်ပေးလိုက်မိသောကြောင့် သုံးယောက်သား အတန်ကြာအောင် စကားစမြည်ပြောဖြစ်ကြသည်။ပြောကြဆိုကြရင်းနှင့် ကိုညီက အံ့မခန်းထင်ကိုပါ အရင်တစ်ခေါက်က သူမ လိုက်လည်ဖူးသောရွာကို အလည်ခေါ်ပြန်သည်။ထိုအခါတွင် လည်ချင်ရက်လက်တို့ဖြစ်နေသော အံ့မခန်းထင်က သူမကိုပါအတူသွားဖို့ပြောကာ ဇွတ်လိုက်ချင်နေလျှင် သူမက ငြင်းလို့လည်းမကောင်းသည်ကြောင့် လိုက်ရမည်ဆိုသော်လည်း သူ့ကိုတွေးမိသွားချိန်မှာ နည်းနည်းတော့ ကျောချမ်းသွားရသည်။အတူတူသွားဖို့ခေါ်ရအောင်လည်း မနေ့ကမှ အလုပ်များနေရက်နှင့်လိုက်လာပြီး တစ်နေကုန်အချိန်ပေးလိုက်ရလေရာ ဒီနေ့ပါထပ်ပြီးသွားရမည်ဆိုပါက ရက်တွေဆက်ပြီး သူအလုပ်ပျက်မှာကိုစိုးမိသည်။ပြီးလျှင် သူမအတွက်နှင့် လည်ဖို့ပတ်ဖို့သက်သက်ကို အလုပ်ပျက်ခံပြီးမလိုက်စေချင်။သို့နှင့်ပင် အတန်တန်စဉ်းစားရင်းမှ နောက်ဆုံးတော့ မနန်းမိုကိုအပူကပ်ပြီး သူ့ကိုသွားမပြောဖို့ သေချာမှာကာ ကိုညီနှင့်အတူ ရွာသို့ထွက်ခဲ့လိုက်ကြတော့သည်။
ရွာကိုရောက်လျှင် စမ်းချောင်းဘေးမှာ ကိုညီတို့အဖွဲ့က tent တွေဆောက်ထားပြီးဖြစ်ကာ အကင်နှင့် hotpot လုပ်စားရန်အတွက်ကို ပြင်ဆင်နေကြချေပြီ။စုစုစည်းစည်း သိုက်သိုက်ဝန်းဝန်းဖြင့် ကြည့်ရသည်ကပင် ပျော်စရာကောင်းလှသည်မို့ ဒီလိုတွေ့ရပြန်တော့လည်း စိတ်တွေပေါ့ပါးတက်ကြွသွားရသောသူမက အကုန်လုံးနှင့်ပူးပေါင်း၍ ပျော်ပျော်ရွှင်ရွှင်စကားပြောကာ လုပ်စရာရှိသည်များကို ကူလုပ်ပေးသည်။ထို့နောက် အကုန်ပြီးစီးသွားချိန်တွင် မစားခင်မှာ ကလေးတွေနှင့်အတူ စမ်းချောင်းထဲဆင်း၍ game ဆော့ကြပြန်သည်။ကစားရသည့်ပုံစံမှာ စမ်းချောင်းဘေးမှာရှိနေသောသစ်ပင်တွေကို ဟိုဘက်ဒီဘက် ခြင်းချိတ်၍ ဘတ်စကတ်ဘောကစားသကဲ့သို့ ရေထဲမှာ ဘောလုံးကိုလိုက်ဖမ်းပြီး ဂိုးဝင်အောင်သွင်းရသည့်ပုံစံမျိုးဖြစ်သည်။အဖွဲ့ခွဲကြချိန်တွင် အံ့မခန်းထင်နှင့်သူမက တစ်ဖွဲ့တည်းမကျဘဲ တစ်ဖက်စီမှာကျလေရာ ငယ်ငယ်တုန်းကဆော့သလိုအနေအထားမျိုးမို့ မရရအောင်အနိုင်ယူပြမည်ဟု မခံချင်အောင်ပြောရင်း တစ်ယောက်နှင့်တစ်ယောက် စနေမိကြသေးသည်။ထိုသို့ဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြိုင်အဆိုင်ကစားနေကြရင်း တစ်ကြိမ်မှာ သူမဆီရောက်လာသောဘောလုံးကို အမိဖမ်းကာပြေးလိုက်ချိန်တွင် ရေထဲမှခဲလုံးကို အားရပါးရကြိတ်၍ နင်းလိုက်မိသောခြေထောက်က စူးကနဲ့ဖြစ်သွားရသောကြောင့်
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...