လူကတော့နိုးပြီဆိုပေမဲ့ ခေါင်းတွေတအားထိုးကိုက်နေသောကြောင့် မျက်လုံးတွေကမဖွင့်နိုင်သေးပေ။ခေါင်းကို လက်နှစ်ဖက်နှင့်အုပ်ကိုင်ရင်းမှ မျက်လုံးတွေကိုအတင်းဖွင့်ကြည့်လိုက်လျှင် အလင်းရောင်ဝင်ရောက်နေပြီဖြစ်သောအခန်းကို တွေ့လိုက်ရသည်။အိပ်ရာမှနိုးသည်နှင့် အချိန်ကိုကြည့်နေကျအကျင့်အတိုင်း ကုတင်ဘေးက မှန်တင်ခုံပေါ်မှာထားတတ်သည့် ph ကိုယူရန် လက်လှမ်းလိုက်၏။အိပ်ချင်နေသေးသည့်မျက်လုံးတွေကတော့ အခုထိ ကောင်းကောင်းမပွင့်သေး။
သို့သော် သူမလက်ကလှမ်းသာလှမ်းနေရသော်လည်း မှန်တင်ခုံကိုမစမ်းမိဘဲ လေထဲတွင်သာတန်းလန်းဖြစ်နေသောကြောင့် မျက်လုံးကိုအတင်းပြူးပြဲကာ ဖွင့်ကြည့်လိုက်လျှင်
"ဟင်..."
မှန်တင်ခုံက ဘယ်ရောက်သွားတာလဲ...။
မျက်လုံးတွေကို လက်နှစ်ဖက်နှင့်ပွတ်သပ်ပစ်လိုက်ရင်း ထပ်ပြီးပြန်ကြည့်လိုက်သည်။
သေချာတယ် လုံးဝမရှိဘူး...။
ဘယ်လိုဖြစ်တာလဲ...။
သူမ ခုထိမူးနေသေးလို့ပဲ မှန်တင်ခုံကြီးတစ်ခုလုံးကိုတောင် မတွေ့တာများလား...။ဒီဘက်မှာမတွေ့လျှင် သူမက ဟိုဘက်ခြမ်းကိုလှည့်ကြည့်လိုက်သည်။သို့ရာတွင် ဒီဘက်မှာလည်းမရှိဘဲ စားပွဲပုလေးသာရှိနေသည်။ဟိုဘက်ကိုကြည့်လိုက် ဒီဘက်ကိုကြည့်လိုက်ဖြင့် စိတ်တွေက ကပေါက်တိကပေါက်ချာဖြစ်လာကာ အစောတုန်းကအိပ်ချင်နေသောစိတ်ကလည်း နည်းနည်းပြေလာပြီ။
နေပါဦး.....။
ဘယ်လိုဖြစ်ရတာလဲ...။စဉ်းစားနေရင်းမှ သူမ၏မျက်လုံးတွေသည် မျက်နှာမူထားရာအခန်း၏အခြမ်းကို သေချာကြည့်လိုက်မိလျှင် စိတ်ထဲမှာ ဒိန်းကနဲ့မြည်ကာ တစ်ခုခုလွဲနေပြီမှန်း သတိပြုမိလာရသည်။ခေါင်းတွေသေအောင်ကိုက်နေသည့်ကြားမှ ထူထူပူပူနှင့်ပဲ ဦးနှောက်ကိုရအောင်အလုပ်ပေးလိုက်လျှင်
ဒီအခန်းက...။
ဟုတ်ပါသည်။
ဒါ သူမရဲ့အခန်းအစစ်...။
ဒါပေမဲ့...။
အခုနေနေတဲ့ အခန်းတော့မဟုတ်။
YOU ARE READING
You are the only Exception!
Romansaအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...