နံနက်ကို တောင်တက်ရန်အတွက် မအိပ်ခင်က စောစောထဖို့တွေးလိုက်မိသောသူမသည် အခုတော့ အမှန်တကယ်ပင် စောစောစီးစီးနိုးလာခဲ့သည်။ထိကပ်ပြီးအိပ်နေမိသည့် အင်္ကျီမဝတ်ထားသောသူ့ရင်ဘတ်က အဲကွန်းလေနှင့်အေးနေပြီမို့ စောင်ကိုအပေါ်ထိရောက်အောင်ဆွဲခြုံပေးလိုက်ရင်း လက်တွေကသိုင်းဖက်ပေးထားလိုက်လျှင်
"အစောကြီး ဘာလို့နိုးနေတာလဲ...။ဗိုက်ဆာလို့လား..."
တိုးဖွဖွသူ့အသံက အနည်းငယ်ခပ်အက်အက်ဖြင့် အိပ်ချင်မူးတူးဖြစ်နေသေးသည်။သူ့ရင်ခွင်ထဲသို့တိုးဝှေ့လာသောသူမကို တင်းနေအောင်ပြန်လည်ထွေးဖက်လိုက်ကာ ခေါင်းပေါ်မေးတင်ထားရင်းမှ မေးလာသောသူ့အား သူမက
"မဆာပါဘူး...။တောင်တက်ဖို့စိတ်လောနေလို့ သူ့ဘာသာနိုးလာတာ...။ကြည့်ဦး...အင်္ကျီဝတ်မအိပ်တော့ အသားတွေအေးစက်နေပြီ...။လေဖြတ်တော့မှာပဲ..."
ပြောနေရင်း အနည်းငယ်လွတ်သွားသောစောင်ကို ပြန်ပြီးဆွဲတင်ပေးလိုက်လျှင် သူက သေချာဆွဲခြုံ၍ စောင်နှင့်အတူ သူမကိုပါ လုံနေအောင်ထွေးဖက်ထားလိုက်ရင်း
"နွေးပြီလား..."
"အွန်း...အိပ် အိပ် သဲကြောင့်နိုးသွားရပြီ ဆောရီးပါနော်...။အစောကြီးရှိသေးတယ် ပြန်အိပ်ဦး..."
"အနမ်းပေး..."
သူမက အိပ်ချင်နေသေးတာတောင် သူလိုချင်တာတောင်းဖို့ သတိရနိုင်သေးသောသူ့ကို ချစ်ခင်စွာဖြင့် မျက်နှာကိုမော့ကာ သူ့နှုတ်ခမ်းကိုအသာလေးနမ်းလိုက်ရင်းမှ
"အိပ်တော့နော် အရမ်းချစ်တယ်..."
"အွန်း အရမ်းချစ်တယ်..."
*
*
*
သူပြန်နိုးလာချိန်မှာ သူမကတော့ အိပ်ပျော်နေဆဲပင်။
နာရီကိုကြည့်လိုက်တော့ ခုနစ်နာရီထိုးတော့မည်။
မျက်စိရှေ့တည့်တည့်က အိပ်ပျော်နေသည့်မျက်နှာလေးကိုကြည့်နေရင်း မထချင်သေးသောကြောင့် သူမကိုမနှိုးသေးဘဲ ဒီအတိုင်းထားလိုက်သည်။
YOU ARE READING
You are the only Exception!
Romantizmအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...