Bad Review

2.1K 106 0
                                    

"အလုပ်တွေ ရှုပ်နေလားဟင်..."

နောက်ကနေ သူ့လည်ပင်းအားသိုင်းဖက်လာပြီး နားထင်ကိုတစ်ချက်နမ်းရင်း မေးလာသောသူမလေးကြောင့် လှိုက်ကနဲ့ခုန်သွားသောရင်နှင့် အားရပါးရပြုံးမိသွားသောသူက ဖက်ထားသည့်လက်လေးကိုပြန်လည်ဆုပ်ကိုင်ကာ

"အွန်း ခဏနေ Meeting ရှိတယ် ညလည်လောက်ထိရောက်လိမ့်မယ်...။သဲလေး အိပ်နှင့်နော် ကိုယ့်ကိုမစောင့်နဲ့"

"ဟွန် အဲ့ဒါဆို ဒီနေ့လဲ အိပ်ရေးပျက်ဦးတော့မှာပေါ့။ဘာသောက်ချင်လဲဟင် တစ်ခုခုသောက်ပါဦးလား...။ညဘက်ဆိုတော့ ကော်ဖီတော့မသောက်စေချင်ဘူး...။နို့ကျလဲ ကိုကမကြိုက်ဘူး...။ Tea သောက်မလား...ဟိုတစ်ခါ ဧည့်သည်တွေလာတုန်းက လက်ဆောင်ပေးထားတာတော့ရှိတယ်..."

"အွန်း သဲသောက်စေချင်ရင် သောက်မယ်လေ လုပ်ပေး..."

"အနံ့ပါတာတွေကြိုက်လား...။မကြိုက်ရင် ပန်းနံ့ပါတာတွေမဖျော်ပေးတော့ဘူး ဘာလီလက်ဖက်ရည်ပဲလုပ်ပေးမယ်..."

"သဲသဘော...ကိုယ်က ဘာပဲဖြစ်ဖြစ် သဲလုပ်ပေးတာဆိုအကုန်ကြိုက်တယ်..."

"ဟုတ် အာ့ဆို ခုလုပ်ပေးမယ်နော်...သုံးမိနစ်ပဲစောင့်"

ကျေနပ်စွာပြောပြီးသည်နှင့် သူ့ခေါင်းကိုဆတ်ကနဲ့နမ်းကာ ဝမ်းသာအားရပြေးထွက်သွားသည့် သူမလေးကိုကြည့်ပြီး သူက ကြည်နူးပီတိတွေ ဖြာနေရပေသည်။ချစ်တယ် ဟုပြောပြီးကတည်းက သူ့အပေါ်မှာ အရိပ်တကြည့်ကြည့်ဖြင့် ဘာမဆိုလုပ်ကိုင်ပေးချင်နေသောသူမသည် အခုမှချစ်တတ်ကာစ အချစ်ရူးလေးဆိုသည်မှာ တစ်ချက်ကြည့်ရုံနှင့်ပင် သိသာနေပြီ။ချစ်မဲ့ချစ်တော့လည်း အသားကုန်ချစ်တတ်လေသောသူမက ချစ်နိုင်လွန်းသည့်နေရာမှာတော့ အခုတလောမှာ သူ့ထက်တောင် သာချင်နေသည်။မိုးလင်းကတည်းက သူ့မျက်နှာကိုအရိပ်တကြည့်ကြည့်ရှိကာ ညအိပ်ရာဝင်သည်အထိ ထိုနည်းလည်းကောင်း။အခုဆိုလျှင် သူ့ရုံးခန်းက ဟိုတယ်ဘက်မှာအတည်တကျဖြစ်သွားပြီမို့ အတူတူသွားကာရုံးတက်ကြရသော်လည်း ရုံးခန်းကသက်သက်စီဖြစ်သောကြောင့် အချိန်ရှိသရွေ့ ကပ်နိုင်သမျှကပ်နေချင်သောသူမသည် ထမင်းစားချိန်တိုင်းမှာ သူ့ဆီသို့အတိအကျရောက်လာတတ်ပြီး မပျက်မကွက်ပင် အတူတူစားလေ့ရှိသည်။အမြဲတမ်း တပူးကပ်ကပ်နေချင်သည့် လူကပ်အကျင့်လေးက သူနဲ့ကျမှ ပေါ်ပေါက်လာရတာပါ ဟု ချွဲ့နွဲ့ကာပြောလေတိုင်း သူ့မှာ မနေသာအောင် ကိုယ်စိတ်နှလုံးတို့က တဖြုတ်ဖြုတ်ကြွေကျရစမြဲ။

You are the only Exception!Where stories live. Discover now