Whyyyyy!!!!!!

2.4K 133 2
                                    

နောက်တစ်ရက်မှာတော့ သီဟက ph ဆက်ခေါ်လာသောကြောင့် ရွှေခေတ်သည် ချက်ချင်းဆိုသလို ပြင်ဦးလွင်သို့တက်သွားရသည်။ကော်ဖီခြံနှင့်လက်တွဲထားသော Trekking လမ်းကြောင်းတွေမှာ စတင်နေပြီမို့ သေချာအနီးကပ်စီမံနိုင်ရန်အတွက်ကို လှမ်းခေါ်ခြင်းဖြစ်သည်။ထို့အတွက်ကို Your Dream သို့ သူမရောက်သွားချိန်တွင် ဝင့်ဝါကတော့ မန္တလေးမှာရှိသည့်မိဘအိမ်သို့ အလည်ခဏဟုဆိုကာ ပြန်သွားလေသည်။ Trekking လမ်းကြောင်းတွေက တစ်သုတ်ပြီးတစ်သုတ် ဆက်တိုက်ရှိနေမည်ဖြစ်လေရာ သူမက သီဟနှင့်တိုင်ပင်ပြီး ကော်ဖီခြံဘက်ကိုလည်း ဝန်မပိစေရန်အတွက် အချိန်ကိုက်စနစ်တကျဖြစ်အောင် သေချာ plan ဆွဲရသည်။ထိုသို့ဖြင့် အလုပ်များနေကြစဉ်တွင် နှစ်ရက်လောက်အကြာမှာပြန်ရောက်လာသောဝင့်ဝါက ရောက်ရောက်ချင်းပင် သူမ၏အမေမှ ပြန်ဆင်းလာဖို့မှာလိုက်သည်ဟု ပြောလာလေသည်။ဘာမှန်းမသိသောကြောင့် ဝင့်ဝါကိုမေးတော့လည်း မန္တလေးရောက်မှပဲ ပြောပြမယ်၊လောလောဆယ် ဆင်းသာဆင်းလာခဲ့ပါဟူ၍ မှာလိုက်သည်ဟုပြောလာလျှင် ရွှေခေတ်သည် စိတ်ထဲမှာ အံ့ဩထူးဆန်းသွားရသည်။

သူမဆီကို တိုက်ရိုက် ph ဆက်ရင်ရရဲ့သားနဲ့ ဘာလို့ ဝင့်ဝါနဲ့မှာလိုက်တာလဲမသိ။

ခါတိုင်းဆို ဒီလိုပြန်ဆင်းလာဖို့ကို တစ်ခါမှမပြောဖူးသည်မို့ သူမမှာ စီစဉ်စရာရှိတာတွေစီစဉ်ပြီးလျှင် သီဟကိုပဲခဏလွှဲခဲ့လိုက်ကာ မန္တလေးသို့ပြန်ဆင်းလာရသည်။

အိမ်ပြန်ရောက်သည်နှင့် အမေက သူမကို ရောက်ရောက်ချင်း အခန်းထဲခေါ်ပြီး ဆီးကြိုပြောလာသည်မှာ

"သမီးလေး အိမ်ထောင်ပြုတော့..."

"ဟမ် ဘာလို့လဲ...အမေရဲ့။ရုတ်တရက်ကြီး ပြန်ဆင်းလာခိုင်းပြီးတော့ လာနောက်နေတယ်...။ဘာများလဲလို့ ဒီက..."

"အမေက တကယ်ပြောနေတာ...။သမီးကိုအိမ်ထောင်ပြုစေချင်ပြီ..."

"ဟား...အတည်ပေါက်ကြီးနဲ့လုပ်ပြီ...။ဘာလိုချင်လို့လဲပြော...ဘာပဲဖြစ်ဖြစ်ဝယ်ပေးမယ် အဲ့လိုတော့မခြိမ်းခြောက်နဲ့"

"ဘာမှမလိုချင်ဘူး...။အမေက အတည်ပြောနေတာ စနေတာမဟုတ်ဘူးနော် သမီး...။သမီးအဖေလဲရှိတော့တာမဟုတ်ဘူး...။အမေလဲအသက်ကြီးပြီဆိုတော့ အေးအေးဆေးဆေး ဘုရားတရားပဲ စိတ်ဖြောင့်ဖြောင့်လုပ်ချင်တယ်။သမီးအတွက်ကို နောက်ဆံတင်းနေစရာမလိုဘဲ စိတ်ချလက်ချနဲ့ ရိပ်သာလေးဘာလေးဝင်ပြီးတော့ သံသရာအတွက်အားထုတ်ချင်ပြီ..."

You are the only Exception!Where stories live. Discover now