"ကျစ်..ခေါင်းကနာလိုက်တာ"
မူးနောက်နောက်ဖြင့် ဘေးမှခပ်မာမာအရာရာတစ်ခုကိုအားယူထလိုက်ရင်း ခေါင်းကို ကိုင်ကြည့်မိတော့ပတ်တီး သဏ္ဍာန်ဖြစ်နေတာကြောင့် ခေါင်းကိုတစ်ယောက်ယောက် ပတ်ပေးထားဟန်တူသည်။ ပြီးတော့သူကကုတင်တစ်ခုပေါ်မှာလှဲလျက်အနေအထားနဲ့ရှိနေခဲ့တာ ။နောက်ဆုံးမှတ်မိတဲ့မှတ်ဉာဏ်အပိုင်းအစက တောင်ပေါ်ကသူပြုတ်ကျသွားခဲ့သည်မဟုတ်လား..
"ဟာ ငါ့ကင်မရာငါ့ကင်မရာ"
မူးနောက်နောက်ဖြစ်နေသည့်ခေါင်းကို အာရုံမပြုနိုင်ပဲ
ရုတ်ချည်းမတ်တပ်ထရပ်မိတော့ခေါင်းထဲကမိုက်ကနဲ..အနီးအနားမှာကင်မရာကိုမတွေ့တော့ သူလန့်သွားရသည်။ကင်မရာကတော့ပျောက်လို့မဖြစ် ကင်မရာကပြန်ဝယ်လို့ရသော်လည်း ကင်မရာထဲမှာရှိတဲ့တချို့အမှတ်တရတွေကဘယ်တော့မှပြန်မရနိုင်ခဲ့တော့တာဖြစ်သည်။
"အ...ကျစ်မူးလိုက်တာ"
ဘယ်လိုပဲဖြစ်ဖြစ်သူမရ ရအောင်ရှာရမည်။
အခန်းထဲကထွက်လိုက်မိတော့ရိုးရိုးရှင်းရှင်းဧည့်ခန်း
တစ်ခုဆိုဖာခုံအနည်းအကျဉ်းနဲ့ချည်လူံးရောင်စုံတချို့
ခုထိထိသူ့ကိုကယ်ပေးထားတဲ့လူကိုမတွေ့မိသေး။အပြင်ထိဆက်လျောက်မိတော့ချန်းယောလ်အံဩသွားရသည်။စိမ်းလဲ့လဲ့ရေကန်လေးတစ်ခု။ဆောက်ထားတဲ့ရေကန်မဟုတ်ပဲ သဘာဝရေကန်လေးတစ်ခုထဲကိုရေတံခွန်သံငြိမ့်ငြိမ့်ညောင်းညောင်းကသဘာဝဆန်စွာနားထဲသို့စီးဝင်လာသည်။ဘေးနားမှာလဲပန်းပင် သေးသေးလေးတွေနဲ့
ရေမကူးချင်ရင်လဲ ရေကန်အလယ်မှာထိုင်ဖို့
သစ်သားပြားကြီးကြီးတွေကလဲရှိသေးသည်
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode