Ruth.Bရဲ့ Dandelion (Slow ver) ဆိုတဲ့သီချင်းလေးကို
Repeatလုပ်ပြီးနားထောင်ဖို့recommend လုပ်ချင်ပါတယ်)နောက်ကျမှအိပ်ယာထတတ်တဲ့ ချန်းယောလ်ကခုရက်ပိုင်းအိပ်ယာကိုစောစောထတယ်။ဘတ်ဟျွန်းကပျောက်လို့ ရှာလိုက်ရင် အိမ့်ရှေ့ကခြုံပုတ်တွေကိုထမင်းစားချိန်ကလွဲပြီးအချိန်တိုင်းရှင်းနေတတ်တယ်။ဘတ်ဟျွန်းလာကူမယ် လုပ်တိုင်းလဲနှင်လွှတ်ခံရတာအကြိမ်ရေမနည်းတော့ဘူး
ဘတ်ဟျွန်းအတွက်ဥယျာဉ်လေးကို သူ့လက်သူ့လက်ခြေနဲ့အကုန်လုပ်ပေးချင်လို့ပါတဲ့။နှစ်ရက်လောက်အကြာမှာအပင်တွေသေချာစိုက်လို့ရအောင် နေရာလေးက ရှင်းသွားတယ်။မြက်ပင်တွေကအစ ချန်းယောလ်ကလှလှလေး ဖြစ်အောင်ညှိခဲ့တာ
ခရမ်းရောင်လာဗင်ပန်းတွေရယ် အဖြူရောင်baby breath ပင်တွေကို မြက်ခင်းရဲ့တစ်ဖက်တစ်ချက်စီမှာစိုက်တယ်။ပေ(၆၀)အကျယ်မြေကို ချန်းယောလ်ကသူ့အပင်တွေအပြည့်ကိုစိုက်ပစ်တယ်။နေကြာပန်းစေ့တွေနဲ့အဖြူရောင်Dandelion ပန်းမျိုးစေ့တွေကို ချန်းယောလ်ကဘတ်ဟျွန်းနဲ့အတူတူစိုက်တယ်။Sakura ပင်လေးကတော့ အိမ်နဲ့နီးတဲ့ဘက်မှာစိုက်လိုက်တယ်။ဥယျာဉ်လေးဆိုပေမဲ့အပင်ကြီးကြီးတွေကြောင့်နေသိပ်မပူပဲခပ်နွေးနွေးနေရောင်ခြည်လေးတွေဖြာကျရုံလောက်ပဲ..
Forget me notပန်းအိုးအသေးလေးတွေကိုတော့ ဘတ်ဟျွန်းရဲ့သဘောအတိုင်းသူ့တို့အိပ်ယာဘေးမှာနှစ်အိုး။ရေတံခွန်အလယ်ကသစ်သားပြားတစ်ဖက်တစ်ချက်စီမှာတစ်အိုး..နေကြာပန်းတွေမြင်ရတဲ့ပြတင်းပေါက်ဘောင်မှာတစ်အိုး..အပေါ်ထပ်ကဘတ်ဟျွန်း အရက်သောက်လေ့ရှိတဲ့မီးအိမ်တွေနားမှာတစ်အိုး စီထားတယ်။ရေလိုက်လောင်းရင်တော့ညောင်းရချည်သေးရဲ့..
ပန်းခြံထဲထိုင်ဖို့ ခုံလေးရိုက်ပေးရမလားမေးတော့ ဘတ်ဟျွန်းကငြင်းတယ်။သဘာဝအတိုင်းဒီတိုင်း ထိုင်ချင်လို့သင်ဖျူးဖျာလေးနဲ့လဲ အဆင်ပြေပါတယ်တဲ့။လက်ထပ်ခွင့်တောင်းတဲ့ညကသူ့လက်စွပ်ပြုတ်သွားတာကို ချန်းယောလ်ကိုပြန်ထိုးခိုင်းတယ်။လက်ထပ်လက်စွပ်ရှိနေတော့လက်ကောက်လေးထိုးပေးမယ်ဆိုတော့ခေါင်းတငြိမ့်ငြိမ့်နဲ့ ငြိမ်သွားရှာတယ်။
YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode