Eternity Ep 29

805 120 5
                                    


ချန်းယောလ်ကအိမ်ကထွက်လာပေမဲ့ ရင်တမမနဲ့ပါပဲ
ဘတ်ဟျွန်းကိုတစ်ယောက်ထဲထားခဲ့ရတာစိတ်မချပေမဲ့
စိတ်ဆိုးပြထားတော့ လိမ္မာမယ်လို့ထင်ရတာပါပဲ

ဖြစ်နိုင်ရင်သားပိုက်ကောင်မကြီးလိုဗိုက်ကအိပ်ကပ်ထဲ
ဘတ်ဟျွန်းကိုထည့်ပြီးသွားလေရာခေါ်သွားလိုက်ချင်တော့တာပဲ။ ညကျမှသေချာဆူပူပြီးစတော်ဘယ်ရီငါးဘူးလောက်ဝင်ဝယ်ပြီးကျွေးမည်ဟုတွေးထားလိုက်သည်။သူ့ဖက်ထုပ်လုံးလေးစတော်ဘယ်ရီမစားရတာတစ်ရက်တောင်ရှိပြီမလား

"ရှေ့နေဂင်အဲ့နေ့ကကျွန်တော်ပို့ပေးလိုက်တဲ့
အချက်အလက်တွေနဲ့တရားစွဲဖို့လုံလောက်တယ်မလား"

"အဲ့အချက်တွေအပြင်တချို့အချက်တွေကိုပါ
ကိုယ်ပိုင်စုံထောက်တွေထပ်ငှါးပြီးရှာခဲ့တာ
အချက်အလက်တော်စုံပါပြီဒီလောက်ဆို
မစ္စတာပတ်ကိုလူသတ်မှုနဲ့သူ့မယားငယ် သူ့သမီး
ကိုပါလူသတ်ရန်ကြိုးပမ်းမှုနဲ့ထောင်ထဲထည့်လို့ရပါပြီ"

"ကျွန်တော်တရားခွင်မလာချင်လို့ရှေ့နေဂင်ကပဲ
အားလုံးစီစဉ်ပေးလို့ဖြစ်လားမသိဘူး"

"အချင်းချင်းတွေကိုပဲချန်းယောလ်ရယ် ရတာပေါ့"

"အဲ့တာဆိုကျွန်တော့်ကိုခွင့်ပြုပါဦးဝယ်စရာလေး
တွေရှိလို့"

ချန်းယောလ်ကနီးစပ်ရာကုန်တိုက်ကိုသာ
ကားမောင်းပြီးထွက်လာခဲ့တော့သည်။စတော်ဘယ်ရီတွေကောင်းကောင်းရှိမဲ့နေရာကိုပေါ့

"ငါ့ကိုအဘိုးကြီးလို့ခေါ်တာလုံးဝကိုမကျေနပ်ဘူး
အနုနည်းနဲ့ချော့လို့မရတော့ပတ်ချန်းယောလ်ဆိုတဲ့
ဘဲအိုကြီးကို အဘိုးကြီးဗြောင်ကတစ်ကွက်ပြရမှာပေါ့"

ပိုက်ဆံအိတ်ကိုကောက်ဆွဲပြီးmaskအမဲတပ်ကာလမ်းထိပ်ကshopping mallဆီဘတ်ဟျွန်းအပြေးထွက်လာလိုက်သည်။

အကျီဆိုငိတွေရောaccessories ဆိုင်တွေနီးပါးအကုန်ဝင်မွှေနှောက်ပြီးတစ်နာရီလောက်ကြာမှလိုချင်တာရသည့်မျက်နှာဖြီးဖြီးကြီးနဲ့အိမ်သို့ပြန်လာခဲ့သည်။

လာဗင်ဒါအနံ့ပါတဲ့ဖယောင်းတိုင်ကိုအိပ်ခန်းထဲက
ခုံပုလေးပေါ်မှာတင်ထွန်းပြီးဘေးမှာတော့ဝိူင်ခွက်တွေကိုသောက်ထားတဲ့ပုံစံမှောက်ထားသည်။ ဘေးပတ်ဝန်းကျင်ကိုလဲ အရက်လေးနည်းနည်း ဟိုဖြန်းဒီဖြန်းလုပ်လိုက်သေးသည်။ တစ်အိမ်လုံးမီးမှောင်ချထားပြီးမှ ဘတ်ဟျွန်းကဝယ်လာတဲ့အကျီတွေကိုသွားဝတ်သည်။

Eternity  Where stories live. Discover now