ပန်းရောင်Carnationပန်းတွေကို ချန်းယောလ်က
သူ့အမေအုတ်ဂူရှေ့ချလိုက်တယ်။ဘာပန်းဝယ်ရမှန်း
မသိလို့ဘတ်ဟျွန်းရဲ့အကြံဉာဏ်ကိုယူပြီးဆိုင်မှာ
ပန်းရောင်ကာနေရှင်းပန်းစည်ကိုဝယ်ယူခဲ့တာဖြစ်တယ်။ပန်းတွေရဲ့အဓိပ္ပာယ်ကနှစ်လိုဖွယ်ကောင်းတယ်။
ထုတ်ပြောရခက်တဲ့စကားလုံးတွေအစားပန်းတွေ
ပေးလိုက်တာကနှစ်ဖက်လုံးကိုစိတ်သက်သာရာရစေတယ်။ဘတ်ဟျွန်းကြောင့်ချန်းယောလ်ကပန်းတွေကို
သဘောကျလာတတ်ခဲ့ပြီထင်ပါရဲ့...ကာနေရှင်းပန်းတွေမှာအရောင်မျိုးစုံအဓိပ္ပာယ်အများကြီးရှိတယ်ဒါပေမဲ့ ကာနေရှင်းပန်းတွေအားလုံးရဲ့အဓိပ္ပာယ်ကိုခြုံငုံကြည့်ရင် အမေရဲ့ချစ်ခြင်းမေတ္တာပါတဲ့။ဘတ်ဟျွန်းကချန်းယောလ်အတွက်ဒီပန်းတွေကိုသေချာရွေးချယ်ပေးခဲ့တာ..
ခြောက်ကပ်နေတဲ့အုတ်ဂူကိုတစ်ရှူးစလေးတွေနဲ့
ချန်းယောလ်ကသေချာလိုက်သုတ်ပေးတယ်။
အမေ့အတွက်သစ်သီးခြင်းလဲပါသလို လာဗင်ဒါအနံ့ပါတဲ့
ဖယောင်းတိုင်လေးလဲပါတယ်ပြီးတော့ဘတ်ဟျွန်းလဲ
ပါလာခဲ့တယ်။"ခွင့်လွှတ်ပါလို့ပြောရင်ကျွန်တော်မျက်နှာပြောင်
တိုက်ရာကျမယ်ထင်တယ်လွန်ခဲ့တဲ့၁၃နှစ်ထဲက
အမေဆုံးသွားတာကိုမသိနိုင်ခဲ့တဲ့အထိလေ"ချနိးယောလ်ကပါလာတဲ့ဝိုင်ပုလင်းကိုအုတ်ဂူမို့မို့ပေါ်
ဖြည်းဖြည်းချင်းလောင်းချသည်။"ချစ်ခြင်းမေတ္တာဆိုတာထုတ်ပြဖို့လိုတယ်ဆိုတာ
ကျွန်တော်သိခဲ့တယ်။အမေ့ကိုချစ်တယ်လို့ပြောတာ
ရှားပေမဲ့ကျွန်တော်ချစ်တာကိုအမေသိတယ်မလား
အမေ့ကိုကျွန်တော်ချစ်ပါတယ်။ ကျွန်တော်ဒီကောင်လေးကိုရှာမတွေ့ခဲ့ခင်ကကျွန်တော်ရဲ့ရှင်သန်ဖို့
အကြောင်းပြချက်ကအမေတစ်ယောက်ထဲ....
ဒီကောင်လေးကကျွန်တော့်ရဲ့နောက်ဆုံးသော
ရှင်သန်ရာအကြောင်းပြချက်လေး။ အမေ့ကိုခေါ်ပြတာကျွန်တော့်ကောင်လေးချောတယ်မလားဟင်"ချန်းယောလ်ကတစ်ယောက်ထဲစကားတွေပြောပြီး
မျက်လုံးတွေကနီရဲလာသည်။"မောင်ပြန်ရအောင်နောက်တစ်ခါမှထပ်လာကြတာပေါ့"
ချန်းယောလ်ကဘတ်ဟျွန်းလက်ဆွဲခေါ်ရာအသာတ
ကြည်လိုက်လာသည်။
YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode