Eternity Ep 31

702 114 8
                                    



အနည်းငယ်ပူနေသောနဖူးလေးကိုနှုတ်ခမ်းထူထူ
ဖြင့်ခပ်ဖွဖွထိကပ်မိသည်။မျက်လုံးမှေးမှေးလေးကို
တစ်ခါ နှာတံစင်းစင်းလေးကိုတစ်ခါ ပြီးတော့နှုတ်ခမ်း
ပါးပါးလေးဆီသို့

"မောင့်အသည်းငယ် ထတော့"

"မထချင်သေးဘူးမောင် ငါနည်းနည်းမူးနေတယ်"

"Happy Birthday ပါမောင့်ဟျွန်းနီး မွေးနေ့တိုင်း
အချိန်တိုင်းစက္ကန့်တိုင်းမှာမောင့်အနားမှာပဲရှိနေပေးပါ"

ချန်းယောလ်ကဘီရိုထဲကဆွယ်တာညိုညိုလေးကို
ယူပြီးဘတ်ဟျွန်းကိုခေါင်းပေါ်ကစွပ်ချပေးလိုက်သည်။ဘတ်ဟျွန်းကချန်းယောလ်အတွက်ထိုးပေးထားတဲ့
ဆွယ်တာလေးတွေထဲကတစ်ထည်ဖြစ်သည်

"ချီမလား ငါ့ကို"

"နည်းနည်းပါးပါးချွဲကြည့်ပါလား မောင် ဟျွန်းကိုချီ
ဆိုပြီး"

"တော်ပြီကွာမချီလဲနေ"

"ဟားဟားဟားး စတာပါမောင်အသည်းငယ်ရဲ့
မောင်ချီပါ့မယ် ဟျွန်းအတွက်စပရိုက်ရှိတယ်"

"ဘာစပရိုက်လဲ"

"ဒီနေ့ဟျွန်းအတွက်မောင်ရဲ့လက်ဆောင်ကသုံးခု"

ထမင်းစားခန်းထဲကိုကလေးလေးတွေချီသလိုချီလာပြီး
ခုံတစ်ခုပေါ်ချပေးလိုက်သည်။

"ဟင်ဒါဘာကြီးလဲ"

မဲမဲဝိုင်းဝိုင်းပုပုနဲ့အရာသုံးခုကရှေ့က စားပွဲခုံပေါ်မှာ
အစီအရီနေရာယူလျက်

"မွေးနေ့ကိတ်လေ"

ကိတ်ဝိုင်းအကြီးကြီးတွေလိုမဟုတ်ပဲcupcakeဆိုဒ်
ဖြင့် မဲမဲတုံးတုံးအဝိုင်းလေးတွေကဘတ်ဟျွန်းရဲ့ရှေ့မှာ။ကိတ်မုန့်သေးသေးလေးတွေရဲ့ပုံကမသိရင်ကြောင်သေးသေးလေးတွေအင်းအင်းပါထားတဲ့ပုံစံတွေအတိုင်းပဲ
မဲမဲညစ်ညစ်

ကိတ်ဝိုင်းအကြီးကြီးတွေလိုမဟုတ်ပဲcupcakeဆိုဒ်ဖြင့် မဲမဲတုံးတုံးအဝိုင်းလေးတွေကဘတ်ဟျွန်းရဲ့ရှေ့မှာ။ကိတ်မုန့်သေးသေးလေးတွေရဲ့ပုံကမသိရင်ကြောင်သေးသေးလေးတွေအင်းအင်းပါထားတဲ့ပုံစံတွေအတိုင်းပဲမဲမဲညစ်ညစ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Eternity  Where stories live. Discover now