Ep 6"သွားကြရအောင်ချန်း"
ရေစိမ်နေတာကြာလို့ ကြာမှန်းတောင်မသိလိုက်
ဘတ်ဟျွန်းကလာခေါ်သည်။ဘတ်ဟျွန်း ဝတ်ထားတာကလယ်စိုက်တဲ့လူတွေလိုမျိုး ရော်ဘာလက်အိတ်အရှည် နဲ့ ပုလုံးလုံးခြေထောကိမှာစွပ်ထားတဲ့ ရော်ဘာဘွတ်ဖိနပ်ကလဲအရှည်။အေပရွန်လိုမျိုးခါးရှည်ရှည်အပေါ်ထပ်ကိုလဲဝတ်ထားသေးသည်။ပြီးတော့ချန်းယောလ်စောင်းနေကျလိုမျိုး လျှာထိုးဦးထုပ်အနက်လဲဘတ်ဟျွန်းခေါင်းမှာဆောင်းထားသေးသည်။"ရော့....ဒါတွေကိုကျွန်တော့်လိုမျိုး
ဝတ်လိုက် ပြီးတော့ အသားအရေကထိန်းသိမ်းရမယ် ဒီsuncream လိမ်း"သူ့လိုမျိုးဝတ်စုံတွေကိုလက်ထဲထိုးပေးလာတော့
ဘာလဲမသိပေမဲ့ အူကြောင်ကြောင်နဲ့ဝတ်လိုက်ရသည်။"ရေလောင်းဖို့ဒါလေးသယ်ခဲ့ပေး"
အပင်ရေဖြန်းသည့်စိုက်ပျိုးရေးသုံးကော်ဗုံးတစ်ခုကို ချန်းယောလ်ကို သယ်ခိုင်းလာပြီး ဘတ်ဟျွန်းလက်ထဲမှာတော့အထုပ်အကြီးကြီးတစ်ထုပ် ကိုင်ထားသည်။
"လာချန်း နောက်ဘက်ကသွားကြမယ်"
ဘတ်ဟျွန်းကိုစတွေ့ခဲ့တဲ့စတော်ဘယ်ရီခြံရဲ့
ဘေးပေါက်ကထွက်လိုက်တော့ပန်းခင်းကြီးတစ်ခု..
ပန်းခင်းကြီးထက် နေကြာပန်းခင်းကြီးလို့ပြောရင်
ပိုမှန်လိမ့်မယ်ထင်တယ်။နေကြာပန်းတွေကတကယ့်ကိုအကြီးကြီး။ တစ်ပင်နဲ့တစ်ပင်စိုက်ထားတာကလဲ
စိပ်စိပ်လေး။ချန်းယောလ်တကယ်ကိုမှင်သက်မိသွားသည်။သူအလာတုန်းကတွေ့ခဲ့တဲ့နေကြာခင်းထက်
ဘတ်ဟျွန်းပြတဲ့နေကြာခင်းပိုလှသည်။"ဒါတွေအကုန်ဘတ်ဟျွန်းနီးစိုက်ထားတာလား"
"ဟန်ဆောနိုလာပြီးကူပေးတာ ဒီနေကြာတွေစိုက်
တုန်းက ပြီးတော့သူပဲမျိုးစေ့ဝယ်ပေးခဲ့တာလေ။တခြားနေကြာတွေနဲ့မတူဘူးမလား ဒီပန်းတွေကပိုပြီးကြီးပြီးအရောင်ပိုတောက်တယ် နိူင်ငံခြားကမျိုးစေ့တွေလေ"
YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode