"လက်ကောက်ဝတ်ကအမာရွတ်အကြောင်းပြောပြချင်လား"ချန်းယောလ်ရဲ့နောက်ကြောင်းတော်တော်များများကို စုံစမ်းလို့ရခဲ့ပေမဲ့ သူသိချင်ခဲ့တဲ့ လက်ကောက်ဝတ်ကအမာရွတ်အကြောင်းကပါမလာခဲ့တာကြောင့် တိုက်ရိုက်သာထုတ်မေးလိုက်တော့သည်။
ချန်းယောလ်က ဘတ်ဟျွန်းဘက်ကိုလှည့်ကြည့်ပြီး
အသာပြုံးကာနဖူးလေးကိုဖိနမ်းသည်။အားနေနမ်းနေသောချန်းယောလ်ကိုဘာမှမပြောပဲလွှတ်သာထားလိုက်ရတော့သည်။"အင်း ဒါကိုယ့်အမေရဲ့ကိုယ်နဲ့နောက်ဆုံးအမှတ်တရ"
"အဲ့တာဆိုအမေက"
"အင်းဆုံးပြီ ဒါပေမဲ့ကိုယ်ရှောင်ပြေးလာခဲ့တာဘတ်ဟျွန်း။အမေကိုအခုထိသွားမတွေ့ရသေးဘူး ဘတ်ဟျွန်းဆီ
ကိုယ်အရင်ဆုံးပြေးလာခဲ့တာ ။ မင်းကိုမတွေ့ရရင်သေတော့
မယ်တောင်ထင်လို့ ကိုယ် ကိုယ်လေ..."ချန်းယောလ်ရဲ့မျက်လုံးတွေကမတည်မငြိမ်ဖြစ်လာတာကြောင့်ဘတ်ဟျွန်းကချန်းယောလ်နှုတ်ခမ်းတွေပေါ်ဖိကပ်နမ်းပစ်လိုက်သည်။
"ညနေကျပန်းခင်းဘက်သွားမယ် နောက်နေ့ကျအတူတူမေမေ့ဆီသွားကြတာပေါ့ အခုတော့စိတ်ထဲက
ထုတ်တော့မောင် ဆက်ပြောရင်ငါစိတ်ဆိုးမိလိမ့်မယ်""ညနေကျ မောင်ဘာဝတ်ရမလဲ မောင့်ရဲ့အသည်းလေး"
ချန်းယောလ်ကအခုမှရည်းစားထားဖူးတဲ့လူလိုပဲ
ကိုယ်လို့ပြောလိုက် မောင်လို့ပြောလိုက်
ဘတ်ဟျွန်းကိုလဲနာမ်စားပေါင်းစုံနဲ့ခေါ်တတ်သေးသည်။ရည်းစားမရဖူးတဲ့သူတွေကအဲ့တိုင်းပါပဲဆိုပြီးဘတ်ဟျွန်းကဘာမှမပြောတော့ပေ။သူစိတ်ချမ်းသာသလိုခေါ်ပါစေ"အခန်းထဲလိုက်ခဲ့မလား လက်ဆောင်ရှိတယ်"
ချန်းယောလ်ကဘတ်ဟျွန်းကျောနောက်ကနေသိုင်း
ဖက်ပြီးအခန်းထဲထိတောက်တဲ့လိုကပ်လိုက်လာသည်။ဘတ်ဟျွန်းကိုနမ်းလိုက်ဖက်လိုက်နဲ့ချန်းယောလ်မှာ
တစ်နေ့နဲ့တစ်နေ့မအားရရှာ"ဒါတွေအကုန်လုံးက"
"အင်း မောင့်အတွက်"
ဘီရိုထဲမှာရောင်စုံထိုးထားတဲ့ဆွယ်တာအထပ်လိုက်
ကိုချန်းယောလ်ကိုပြတော့သူကအံ့အားတကြီးနဲ့
YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode