Eternity Ep 9

818 133 6
                                    



"အင်းဟင်းဟင်း........."

ညည်းသံကြောင့်ဘတ်ဟျွန်းနိုးလာရသည်။ဘယ်ကနေဘယ်လိုအိပ်ယာထဲရောက်နေမှန်းမသိပေမဲ့နောက်ဆုံး
မှတ်မိတာကအပေါ်ထပ်မှာချန်းယောလ်နဲ့အတူတူ
အရက်သောက်နေခဲ့တာ

"ချန်း...ချန်းလား"

အဝါဖျော့ဖျော့ညအိပ်မီးကိုထွန်းလိုက်ပြီးချန်းယောလ်
အိပ်ယာနားဘတ်ဟျွန်းရောက်လာသည်။
နဖူးပြင်ကျယ်မှာချွေးစတွေကသီးလို့ စောင်တွေကို
အတင်းလုံးပတ်ကာဆွဲခြုံထားသည့်လက်တွေမှ
သွေးကြောစိမ်းစိမ်းတွေကထင်းလို့.....

"ချန်း ငါပြောတာကြားလား ချန်း ချန်း"

နဖူးကိုစမ်းမိတော့ ပူခြစ်နေတာမီးတုံးကြီးကျလို့

"ချန်း ချန်း လုံးအိ.."

ပါးလေးကိုအသာပုတ်ကာနှိုးမိတော့
မျက်လုံးတောင်ပွင့်မလာ အဖျားကတော်တော်ကြီးပုံ
ရသည်။

"ဆေးအရင်တိုက်ရမလား ရေပတ်အရင်တိုက်ရမလား လှုပ်တောင်မလှုပ်နိုင်ဘူးဆိုရင် ဆေးရောဘယ်လိုလုပ်သောက်နိုင်ပါ့မလဲ"

ဆေးပဲပြေးယူရမလိုလို ရေပတ်ဝတ်တိုက်ဖို့ပဲပြေးလုပ်ရမလိုလိုဘတ်ဟျွန်းတစ်ယောက်ဗျာများနေသည်။

"ရေပတ် ရေပတ်အရင်တိုက်ရမယ်"

သူလဲတစ်ခါမှလူမမာကိုမပြုစုဖူးတော့ဗျာများနေရသည်။
ဆံပင်လေးကိုသပ်ပေးပြီးရေပတ်ဝတ်ဖြူဖြူလေးကိုနဖူးပေါ်သို့တင်ပေးလိုက်သည်။

"ဖျားနေတာတောင် ချောတုန်း.."

အဖျားသွေးကြောင့်နှုတ်ခမ်းထူထူကပိုရဲနေသည်
နားရွက်ကလဲကားကားလေး နှာခေါင်းထိပ်ကမှဲ့ပိစိလေးကလဲအသည်းယားစရာ။မှေးမှိတ်ထားသော
မျက်ဝန်းကျယ်ကျယ်တို့ကတစ်မျိုးတစ်ဖုံ
ရင်ခုန်စရာကောင်းနေသည်။ပါးချိုင့်ရှိလောက်မဲ့
နေရာလေးကိုလက်ညှိုးလေးနဲ့အသာထိုးလိုက်သည်

"ဟိဟိ လုံးအိမသိတုန်းလေး ပါးချိုင့်လေးကိုထိရမယ်"

ချန်းယောလ်ပါးလေးက တကယ့်အိအိလေး
အသာထိုးထည့်လိုက်တဲ့ လက်ကလေးက နစ်ကနဲအိဝင်သွားတာပင်။

Eternity  Where stories live. Discover now