Eternity 35

688 99 2
                                    



ဘုရားကျောင်းမှခေါင်းလောင်းသံတချွင်ချွင်တို့က
လေပြည်ကတစ်ဆင့်တောင်ကုန်းပေါ်ကိုပျံ့နှံ့လာသည်။မနက်စောစောဖြစ်သဖြင့်အစာရှာတဲ့ငှက်ကလေးတွေကပတ်ဝန်းကျင်မှာတကျီကျီ

အစောကြီးနိုးနေတဲ့ဘတ်ဟျွန်းကချန်းယောလ်နဖူးကိုခပ်ဖွဖွဖိနမ်းရင်းခြေရင်းကluggage အိပ်ထဲကဆင်တူဆွယ်တာနှစ်ထည်ကိုထုတ်သည်။စွတ်စွတ်ဖြူနေတဲ့ဆွယ်တာနှစ်ထည်ပေါ်မှာထိုးထားတဲ့စာလုံးရဲရဲလေးတွေက

"B's Chan နဲ့ Chan's B"

"မောင်ထတော့လေ ဘုရားကျောင်းလိုက်ပို့မယ်ဆို"

"အစောကြီးပဲရှိသေးတယ်လေအသည်းရာ
လာမောင့်လက်မောင်းပေါ်ပြန်အိပ်"

"ထလို့ သွားကြမယ်!!"

"အစောကြီးအေးသေးတယ်လေ ပတ်ဘတ်ဟျွန်းလေး ပြန်အိပ်လာလာ"

ချန်းယောလ်ကမျက်လုံးကမပွင့်အိပ်မှုံဇုံမွားနဲ့ဘတ်ဟျွန်းလက်ကိုဆွဲကာဘေးနားကိုလာအိပ်ဖို့ခေါ်သည်။

"ထလို့ဧည့်သည့်ခေါ်ထားလို့ပါဆိုနေ"

အသံတိတ်ကျပြီးထပ်မံအိပ်ပျော်သွားသောချန်းယောလ်ရဲ့နားနားကိုကပ်ကာအသံကုန်အော်ပစ်လိုက်သည်။

"ဗြောင်ချန်းယောလ်!!!"

ယာယီတဲလေးအမိုးပွင့်သွားပြီဟုပင်ထင်မှတ်ရလောက်အောင်ဘတ်ဟျွန်းအသံကကျယ်လောင်သည်။

"ထပြီဘေဘီရာနားကန်းပြီထင်တယ်"

"ရော့ဒီအကျီကိုဝတ် မြန်မြန်လုပ်နော်အိပ်ငိုက်နေရင်
ခေါက်ပစ်လိုက်မယ်"

ဘတ်ဟျွန်းဆူငေါက်နေတာကိုအဖက်လုပ်ပုံပင်မရ
ပါးအိအိလေးကိုတစ်ချက်နမ်းသွားသေးသည်။

"နှာဘူးကောင်ထလာတာနဲ့အသားယူဖို့ပဲတတ်တယ်"

"အစောကြီးကွာကိုယ်လိုက်ပို့မှာပေါ့မနက်အစောကြီးအိပ်လို့ကောင်းနေတဲ့အချိန်ကို"

"ဘာလဲ ဘဲကြီးကငြိုငြင်တာလား"

"ဟာဗျာမဟုတ်ရပါဘူး ကိုယ့်သဲသဲလေးကိုကိုယ်ကပြောပြတာပါအခုသွားမယ်လာ"

ပစ္စည်းတွေအကုန်သိမ်းဆည်းပြီးကားပေါ်တင်ကာ
တောင်ကုန်းအောက်ကဘုရားကျောင်းဆီမောင်းထွက်လာသည်။ဆောင်းဦးဖြစ်၍လေပြည်အေးအေးကကားပြတင်းပေါက်ကဖြတ်ဝင်လာတော့မနက်ခင်းဟာအေးစိမ့်စိမ့်..ခေါင်းလောင်သံတချွင်ချွင်ကလဲ
နားထဲကိုခပ်ငြိမ့်ငြိမ့်ဖြင့်စီးဝင်သည်။

Eternity  Where stories live. Discover now