စံအိမ်ကိုပြန်ရောက်တော့ဆယ်ဟွန်းကိုတောင်
စကားမပြောနိုင်ပဲအိပ်ယာပေါ်ကိုသာလှဲချလိုက်မိသည်။တကယ်တော့ဘတ်ဟျွန်းကကြောက်နေခဲ့တာ
လူတွေသတ်ခဲ့ဖူးပေမဲ့ သေနတ်ကိုအချိန်တိုအတွင်းပစ်မှတ်ကိုတစ်ချက်မလွဲပစ်နိုင်ခဲ့ပေမဲ့ ချန်းယောလ်လက်ထဲကဝိုင်ခွက်ကိုလှမ်းပစ်တုန်းကသူကြောက်နေခဲ့တာ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပေမဲ့လဲ ပစ်မှတ်နဲ့ချန်းယောလ်က
တစ်သားထဲရှိနေတဲ့အခါချန်းယောလ်ကိုထိခိုက်မှာ
ဘတ်ဟျွန်းကစိုးရိမ်နေခဲ့တာသက်ပြင်းကိုခပ်လေးလေးချမိရင်းကုတင်ဘေးက
ဖန်ဘူးလေးဆီလက်ကရောက်မိသည်။"တင်..."
ဖုန်းကိုစစ်လိုက်တော့ Mailတစ်ခုရောက်နေသည်။
သူရှာခိုင်းထားတဲ့ချန်းယောလ်အကြောင်းတွေ။
ပြီးတော့သူဒီနေ့သိခဲ့ရတာချန်းယောလ်အမေက
ဆုံးသွားပြီဆိုတာကိုပဲ။ mailထဲမှာချန်းယောလ်အဖေရဲ့နောက်မယားငယ် မယားပါသမီး ချန်းယောလ်ငယ်ဘဝကအစအကုန်ပါသည်။ သူသိချင်ခဲ့တဲ့ချန်းယောလ်ရဲ့လက်ကောက်ဝတ်နားကအမာရွတ်အကြောင်းတော့မပါလာ။လောလောဆယ်ဟိုမွေးနေ့ပွဲမှာတော့ရုတ်ရုတ်သဲသဲ
ဖြစ်သွားမှာကအသေအချာပါပဲ။သူကတော့ဟိုဘက်
ခေါင်းဆောင်ကိုအကြောင်းပြချက်ကောင်းကောင်းတစ်ခုပေးလိုက်ရုံပါပဲ။ပြီးတော့ဟိုဘက်ဂိုဏ်းကိုအစဖျောက်ဖို့သူနည်းလမ်းရှာရဦးမည်။သူတို့မရှိမှ သူ့အိမ်ကိုပြန်ပြီးချန်းယောလ်ပြန်အလာကိုစောငိ့နေရုံပါပဲ။ဒီမှာချန်းယောလ်ကြိုက်တဲ့ နေကြာပန်းတွေမရှိဘူး။ချန်းယောလ်ကိုသတိရတိုင်းသွားကြည့်လို့ရမဲ့ သူ့ကောင်လေးကြိုက်တဲ့ ဆာကူရာပန်းတွေလဲမရှိဘူး။နှစ်ယောက်ကြားကအလွမ်းဖြေစရာအမှတ်တရဆိုလို့ဖန်ဘူးထဲကပန်းခြောက်လေးတွေရယ် သတိရရင်အာရုံလွှဲဖို့ဆွယ်တာတွေထိုင်ထိုးတာကလွဲလို့ဘာမှကိုမရှိပါဘူး
ပန်းတွေနဲ့ခိုင်းနှိုင်းရမယ်ဆိုရင်ဘတ်ဟျွန်းက
Cosmosပန်းလေးတွေလိုပဲ။ခံစားချက်တွေကို
ထုတ်ပြဖို့ဘတ်ဟျွန်းအနေနဲ့ခက်ခဲတယ်။ဒါပေမဲ့
ဘတ်ဟျွန်းကအများကြီးချစ်ပေးတတ်တယ်။နှုတ်ခမ်းတွေကလိမ်ညာတတ်ပေမဲ့မျက်ဝန်းတွေကတော့ညာလို့မရခဲ့ဘူး။မျက်ဝန်းကပြောတဲ့စကားသံတွေကိုနားလည်ခဲ့မယ်
ဆိုရင်ချန်းယောလ်ကနက်ရှိုင်းတဲ့တစ်စုံတစ်ရာကိုခံစားလို့ရခဲ့မှာဖြစ်တယ်။ ဘတ်ဟျွန်းကCosmos ပန်းလေးတွေကိုမျက်ဝန်းတွေမှာမြုပ်နှံထားခဲ့တယ်။Cosmos ပန်းလေးတွေရဲ့အဓိပ္ပာယ်ကနက်ရှိုင်းတဲ့ချစ်ခြင်းတဲ့....
YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode