အရှေ့မှ ပုတတ်တတ်ဖြင့်ထသွားသောကောင်လေး
နောက်အားချန်းယောလ်လဲလှုပ်စိလှုပ်စိနဲ့လိုက်လာရသည်။"ဘာလုပ်မလို့လဲ ဘတ်ဟျွန်းနီး "
"ဟင်းချက်ရမယ်လေ မင်းကိုကယ်ပြီးထဲက
ငါဘာမှမလုပ်ရသေးဘူး စတော်ဘယ်ရီပဲခူးရသေးတာ ဟာ...သွားပြီစတော်ဘယ်ရီဆိုတာနဲ့
ဧည့်ခန်းထဲမှာစတော်ဘယ်ရီခြင်းကျန်ခဲ့လို့ကျွန်တော့်ကိုသွားယူပေးပါဦး ချန်း""အင်း ကိုယ်ယူလာပေးမယ်နော်"
ထမင်းစားချိန်နီးနေတာတောင် စားစရာမလုပ်ပဲ စတော်ဘယ်ရီခူးရင်းကနေ အချိန်လင့်သွားခြင်းသာ။ စတော်ဘယ်ရီ ခူးသည်ဟု ဆိုရာတွင်လဲ ခူးတဲ့အလုံးအရေအတွက်ထက် ဗိုက်ထဲဝင်သည့်အရေအတွက်က ပိုများနေသည်။
ဘေးနားကဟင်းချက်ဒယ်ပြားတစ်ခုကိုအလျင်အမြန်ရေဆေးရင်း ရေတွေမခြောက်ခင်ဆီထည့်မိတော့ ဆီတွေဖောက်ကနဲစင်တာ ဖွားကနဲ.. ဖွားကနဲ
"ဟာ အဘွားနဲ့ကုလားနဲ့ညား .. ပူတာ အမလေး"
"ဘတ်ဟျွန်း ဖယ်ကိုယ်လုပ်လိုက်မယ် ဘာတွေအလျင်လိုနေရတာလဲကွာ"
မယုံတဲ့ပုံစံနဲ့မျက်လုံးလေးများကိုမှေးကျဉ်းကာ
"ခင်ဗျားကချက်တတ်လို့လား"
"ကိုယ်ကထမင်းကလွဲရင် အကုန်ချက်တတ်တယ်"
"ကျွန်တော်ကထမင်းတော့ကောင်းကောင်းချက်
တတ်တယ် ဟင်းကချက်ရင်ဆီစင်တော့ကျွန်တော်မကြိုက်ဘူး ပူတယ်"ဆီစင်ထား၍ပူနေသောကောင်လေးကစူစူပုပ်ပုပ်လေး
"ကိုယ်ချက်မှာမလို့ ဘတ်ဟျွန်းကထမင်းပဲချက်ပြီး
ငြိမ်ငြိမ်လေးသွားထိုင်နေပေးဟုတ်ပြီလား"ပြုံးပြီးပြောလိုက်သောကြောင့် ပါးချိုင့်နက်နက်က
ထင်းကနဲ"ပါးချိုင့် ပါးချိုင့်ပါတာလား"
"အင်းကိုင်ကြည့်ချင်လား"
"ဘာလို့ကိုင်ကြည့်ချင်ရမှာလဲ ဒီအရူးတော့ခေါင်းထိပြီး
လွတ်သွားပြီတူတယ်""ဟား ဟား ဟား"
ချန်းယောလ်ရယ်ရုံသာတတ်နိုင်တော့သည်
YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode