Eternity Ep 7

934 139 0
                                    


Ep 7

"ဒီမှာထိုင်ချန်း ဆေးထည့်ရမယ်"

ဧည့်ခန်းထဲကခုံတစ်ခုပေါ်သူ့ကိုနေရာချထားရင်း ဘတ်ဟျွန်းကဆေးဘူးသွားရှာနေသည်။အဖြူရောင်ဖက်ထုပ်လုံးလေးကလှုပ်စိလှုပ်စိနဲ့ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်။ဆေးဘူးထားတဲ့နေရာကို သူမမှတ်မိဘူးနဲ့တူပါရဲ့

ဆေးကိုဂွမ်းတံထိပ်နဲ့တို့လိုက်ကာချန်းယောလ်ရဲ့
ခပ်ထူထူနှုတ်ခမ်းရဲ့ထောင့်စွန်းစီ.......

"အ... ဘတ်ဟျွန်းနီးစပ်တယ်"

ဘာမှမပြောပဲနှုတ်ခမ်းသေးသေးလေးကသူ့ကို
လေမှုတ်ပေးလာသည်။ချန်းယောလ်ရူးတော့မယ်ထင်ပါရဲ့
နှုတ်ခမ်းနီတာရဲလေးကစုချွန်ချွန်လေ ဆက်ကြည့်နေမိရင်သူတစ်ခုခုလုပ်မိတော့မည်။
ဆေးထည့်တာမြန်မြန်ပြီးပါတော့ဟူ၍သာ ချန်းယောလ်ဆုတောင်းရတော့သည်။

"ချန်းသိလား ငါလေမင်းဆီပြေးလာတုန်းကငါ့ရဲ့
စတော်ဘယ်ရီခြင်းလေးမှောက်သွားတယ်
ငါအကုန်ခူးလာတာဒီနေ့တော့စတော်ဘယ်ရီ
မစားရတော့ဘူးနဲ့တူပါရဲ့"

မျက်နှာလေးက တဖြည်းဖြည်းမဲ့ကျသွားသည်။ ဖက်ထုပ်လုံးလေးက စတော်ဘယ်ရီတော်တော်ကြိုက်သည်နဲ့တူသည်အနီးအနားမှာဆိူင်သာရှိရင်စတော်ဘယ်ရီတစ်ဆိုင်
လုံးကိုဝယ်ပေးလိုက်မည်။ယခုမူကား သူတောင်သူများအိမ်မှာ ကပ်စားနေရတဲ့အခြေအနေပင်မဟုတ်ပါလား။ ရှူးဂါးဒယ်ဒီ လုပ်ရန်အခွင့်မသာသေးပေ။ချန်းယောလ်လဲစိတ်မကောင်း သူ့ကြောင့်ပစ်ချပြီးဖက်ထုပ်လုံးလေးကပြေးလာသည်မဟုတ်ပါလား

"ရော့စတော်ဘယ်ရီမဟုတ်ပေမဲ့ ဒါလေးစားကြည့်
ဒါကစတော်ဘယ်ရီအစစ်မဟုတိပေမဲ့စတော်
ဘယ်ရီအရသာလေးဘတ်ဟျွန်းနီး"

ချန်းယောလ်ဘတ်ဟျွန်းကိုကမ်းပေးလာသည်က
စတော်ဘယ်ရီစုပ်လုံးလေးတစ်လုံး^^

"ချန်း။ ဒါကဘယ်ကရလာတာလဲ"

"ကိုယ်မနေ့ကရေချိုးတုန်းကကိုယ့်ဘောင်းဘီအိတ်
ထဲကထွက်လာတာ ဘတ်ဟျွန်းကိုပေးမယ်ဆိုပြီး
ကိုယ်မေ့နေတာ"

ဘယ်ကနေဘယ်လိုချန်းယောလ်ဘောင်းဘီအိတ်ကပ်ထဲပါလာမှန်းမသိပေမဲ့စုပ်လုံးလေးကိုကျေးဇူးတင်ရမည်။ဖက်ထုပ်လုံးလေးကစတော်ဘယ်ရီဆိုကြိုက်သည်
မဟုတ်ပါလား...

Eternity  Where stories live. Discover now