"Light ကိုယ့်ဆီမလာချင်ဘူးလား"မနက်စောစောစီးစီးဖုန်းဆက်လာတဲ့ Sliver Wolf ခေါင်းဆောင်ကြောင့်ဘတ်ဟျွန်းကျစ်ကနဲ စုတ်သပ်မိသည်။
"ဘာလို့လာရမှာလဲ ကျွန်တော်မအားဘူး"
မနေ့ကထိထားတဲ့ဒဏ်ရာကြောင့် ကိုယ်ကခပ်နွေးနွေးလေးပူနေပြီးခေါင်းကပါတဆစ်ဆစ်ထိူးနေသေးသည်။
"မင်းကိုပုံပို့ထားတယ် ပုံမြင်ရင်တော့မင်းလာချင်မှာပါ ကိုယ်စောင့်နေမယ် Light"
စိတ်ပျက်စွာ message boxထဲဝင်ကြည့်တော့ ပို့ထားတဲ့ပုံကြောင့် ခေါင်းထဲဒိန်းကနဲ ဆောင့်တတ်သွားရသည်။
"ဟင် ချန်းယောလ်ကဘယ်လိုဖြစ်လို့ဒီမှာ"
ပုံထဲမှာချနိးယောလ်ကမေ့နေပြီးထိုင်ခုံတစ်ခုပေါ်မှာ
ကြိုးတွေနဲ့ချည်ထားခံရသည်။ပြီးတော့ချန်းယောလ်နဖူးနားမှာသေနတ်ကိုထောက်ထားတာ။ပုံရဲ့အောက်မှာစာတစ်ကြောင်းထပ်ပို့လာသည်။
"မင်းရဲ့အချစ်ကိုငါ့ဆီလာရှာလှည့်ပါ"
"တောက်"
ဘတ်ဟျွန်းကဖုန်းကိုခပ်ဝေးဝေးကိုပစ်ပေါက်လိုက်သည်။မနေ့ညကသူ ခိုးဝင်တာချန်းယောလ်နဲ့ဆိုင်တာမှန်းသိသွားသည်နှင့်တူသည်။ Hidden cameraကိုတော့ဘတ်ဟျွန်း
မေ့သွားခဲ့တာ။အမြဲတမ်းချန်းယောလ်ရဲ့အသက်ကိုခြိမ်းခြောက်နေတာကြောင့်တစ်ခါထဲကိစ္စတုံးပြီးအလောင်းဖျောက်ပေးမှအဆင်ပြေမည်။ငွေရောင်မြေခွေးကနေ မိုးကြိုးပစ်ခံရတဲ့မြေခွေးလိုမဲသဲပြီးပြာနှမ်းအောင်သတ်ပစ်လိုက်မည်။
အဆငိပြေရင်တစ်ခါထဲအလောင်းကိုမိလ္လာတွင်းထဲ
ပစ်ချမည်။နောက်ဘဝမှာချီးစော်နံပြီးမွေးဖွားလာပါစေ။ဘတ်ဟျွန်းရဲ့Sliver Gunအကြောင်းကို အဲ့မြေခွေးမသိတာကျလို့အလျင်အမြန်jacketကိုထပ်ဝတ်ပြီးလာခိုင်းတဲ့ဂိုဒေါင်ဘက်အလျင်အမြန်မောင်းထွက်ရသည်။ တဆစ
စ်ဆစ်ကိုက်နေတဲ့ ဒဏ်ရာကိုလဲသတိမရ ပူခြစ်နေတဲ့ခန္ဓာကိုယ်ကိုလဲ ဂရုမစိုက်နိုင်တော့ပေ"Sliver Wolf ခင်ဗျားထွက်လာခဲ့"
ဂိုထောင်ထဲ ဘတ်ဟျွန်းအသံကြီးက ဟိန်းထွက်လာသည်။ ဒေါသထွက်တဲ့အရှိန်ကြောင့်ရော အဖျားကြောင့်ရော မျက်နှာဖြူဖြူဥဥက နီတတ်လာသည်။
YOU ARE READING
Eternity
FanfictionLove story through flowers' language Available both Zawgyi & Unicode